အပြင်ထွက်မယ့် ခင်ပွန်းကို အနီးကပ်စောင့်ကြည့်ပါ။

833 148 10
                                    

[ Unicode ]

အခန်း-၁၀၄။ အပြင်ထွက်မယ့် ခင်ပွန်းကို အနီးကပ်စောင့်ကြည့်ပါ။
___________________________________________

လင်​ကျန်းရီ ပင့်​သက်​ရှိုက်​ကာ သူ့​လေသံကို နူးညံ့​စေလိုက်​သည်​။

"ကိုယ့်​ဇနီး​လေးက အရမ်း​ကောင်းတာ။ သူက အစကတည်းက ကိုယ့်​ဆန္ဒ​တွေကို​လေ့ကျင့်​ပေးခဲ့တယ်​။ အခု​တော့ ကိုယ့်​မျက်​စိထဲ ဘယ်​သူမှ ၀င်​မလာနိုင်​တော့ဘူးပဲ"

"ဒါ ပို​ကောင်းတယ်​"

စုကျစ်​ယန်​နှာမှုတ်​ကာ ထွက်​ပေါ်လာ​သည့်​အနည်းငယ်​သော ဂုဏ်​ယူစိတ်​တို့မှာ လင်​ကျန်းရီ၏နှလုံးသားကို ခင်​မင်​နှစ်​သက်​ခြင်းတို့ဖြင့်​ကြီးထွားလာ​စေသည်​။ သူ(ရီ)သည်​သူ့(စု)ကိုခုန်​အုပ်​ကာ ပြန်​လွှတ်​မ​ပေးခင်​အချိန်​အ​တော်​ကြာ ကိုက်​လျက်​နေလိုက်​သည်​။

သည်​လိုနှင့်​ပဲ စုကျစ်​ယန်​၏ 'အလုပ်​စော​စောပြန်​၀င်​ရေးအကြံအစည်​'မှာ ဆိုင်းငံ့ထားလိုက်ရ​တော့သည်​။

​နောက်​တစ်​နေ့နံနက်​တွင်​လင်​ကျန်းရီတစ်​ယောက်​လန်းဆန်းတက်​ကြွ​သောခံစားချက်​များဖြင့်​အိပ်​ရာနိုးလာခဲ့သည်​။ မျက်​နှာသစ်​ပြီး​နောက်​သင့်​တော်​သောဝတ်​စုံကိုလဲလှယ်​ကာ စုကျစ်​ယန်​ဆီသို့ ချစ်​စိတ်​ပြင်းပြ​သောအကြည့်​ဖြင့်​မကြည့်​ခင်​မှန်​ရှေ့တွင်​ကိုယ်​ဟန်​ပြ​နေ​တော့သည်​။

"ဇနီး​လေး... ကိုယ်​ဒီဝတ်​စုံနဲ့ဆို ခန့်​ငြား​နေရဲ့လား"

"....."

စုကျစ်​ယန်​သည်​မှေးစင်း​နေ​သောမျက်​လုံးများဖြင့်​ပျင်းရိပျင်းတွဲကြည့်​ပြီး​နောက်​၎င်းတို့ကို ပြန်​ပိတ်​ထားလိုက်​တော့သည်​။ ထိုလူ့ကို အထင်​သေး​နေဟန်​သူ့အမူအရာကို ရှင်းလင်းစွာ ပြသခဲ့ပြီး​လေပြီ။

ဒီလို​တောက်​ပြောင်​နေတဲ့အ၀တ်​အစားနဲ့မနက်​အ​စောကြီး ဘယ်​ကိုသွားမလို့ ပြင်​နေတာများလဲ။ ဟမ်​...​နေပါဦး။

စုကျစ်​ယန်​သူ့မျက်​လုံးများကိုချက်​ချင်းဖွင့်​ကာ လင်​ကျန်းရီကို စိုက်​ကြည့်​လိုက်​သည်​။

"ခင်​ဗျားဘယ်​သွားမလို့လဲ"

သူ ဒိတ်​လုပ်​ဖို့သွားမှာလား။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now