ဘယ်သူကရှာလကာရည်သောက်နေလို့လဲ!?

2.1K 368 9
                                    

Chapter 26: ဘယ်သူကရှာလကာရည်သောက်နေလို့လဲ!?
___________________________________________

လင်ကျန်းရီကသူ၏လက်ဖြင့် နဖူးကိုထောက်ထားလိုက်ရင်း သူကကြိုးစလေးရဲ့အစွန်းကိုရောက်နေသလို ခံစားလိုက်ရသည်။ခါးသက်နေသောမျက်နှာထားဖြင့်သူကမေးလာခဲ့သည်။

"ဘာလို့ကိုယ့်ကိုမယုံတာလဲ ပြောပြပေးနိုင်မလား ကိုယ်မင်းအပေါ်ဘာအမှားများလုပ်ခဲ့မိလို့လဲ လုပ်ခဲ့ဖူးလို့လား"

စုကျစ်ယန်က ချက်ချင်းပင်ခုခံပြောဆိုလာသည်။

"ဒါပေါ့ ဘာလို့ ခင်များကျွန်တော့်အပေါ်ကို အမှားကျူးလွန်ခဲ့တာလဲ!"

လင်ကျန်းရီက စုကျစ်ယန်ကိုအံ့သြတကြီးကြည့်ပြီး ရိုရိုကျိုးကျိုးနားထောင်နေတဲ့ပုံစံက သူ့အာရုံစိုက်မှုနှင့်အတူ တဖြည်းဖြည်း ယုတ်လျော့ကာကျဆင်းလာခဲ့သည်။

"ကိုယ်မေးပါရစေ သခင်စုကြီးရေ.. ဒီကမ္ဘာကြီးရဲ့ဘယ်နေရာမှာများ ကိုယ်မင်းအပေါ်ကိုအမှားလုပ်ခဲ့မိလို့လဲ ပြောပါအုံး ကိုယ်ပြောင်းလဲပေးတာတောင် မလုံလောက်သေးဘူးလားကွာ.."

စုကျစ်ယန် သူ့ခါးကိုမတ်လိုက်ပြီး ဗိုက်ကိုအသာပွတ်နေခဲ့သည်။လက်ရှိမြင်ကွင်းဘယ်လိုပုံစံပဲဖြစ်နေပါစေ သူ့အတွက်ရယ်စရာဖြစ်နေခဲ့သည်။
အခုတော့ သူ့အနေဖြင့် လင်ကျန်းရီကို ကလေးဖျက်ချမှုကြောင့် သွေးထွက်လွန်ပြီးမည်သို့မည်ပုံ သေဆုံးခဲ့ရပုံကို ပြောပြဖို့အချိန်ရောက်ပြီဖြစ်သည်။မည့်သို့ဆိုစေ သူ၏ဒုတိယအတွေးကတော့ မှားနေပါသေးသည်။သူဘယ်လောက်ပဲအမှန်တရားကိုပြောပါစေတော့ ဘယ်သူကမှယုံမှာမဟုတ်ပေ။

လင်ကျန်းရီ သူ(ကျစ်ယန်)စကားမပြောတာကိုတွေ့ရတော့ သူ့ခမျာပိုပြီး ယဥ်ကျေးတဲ့ပုံလေးနှင့်တိုက်တွန်းရုံမှအပ မရှိတော့ချေ။

"သခင်လေးစု ကျေးဇူးပြုပြီးတစ်ခုခု ပြောပါဦး -"

စုကျစ်ယန်သွားကိုဖိကြိတ်လိုက်ပြီး သူ့မျက်လုံးတွေဟာလည်း မှိန်ဖျော့သွားခဲ့သည်။သူက စောစောက ကော်ရစ်ဒါကထိုင်ခုံပေါ်မှာ သူမြင်ခဲ့တဲ့ Entertainment မဂ္ဂဇင်းကိုကြည့်လိုက်သည်။သူကထိုအရာကို ညွှန်ပြလိုက်ရင်း ဝမ်းသာဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now