သွားပြီးဆေးစစ်ကြရအောင်(Unicode)

3.2K 405 0
                                    

Chapter - 2

ငါမင်းကိုတာဝန်မယူစေချင်ဘူး!
-------------------------------------
-------------------------------------

စုစစ်ယန် အန်ပြီးသွားတော့ ကားဆီကိုပြန်လာခဲ့သည်။ဒါပေမယ့် ကားထဲကမီးခိုးတွေကြောင့် သူချောင်းစဆိုးတော့သည်။ကားမှန်ကိုချလိုက်ရင်း သူလင်ကျန်းရီကိုပြောလိုက်၏။

"ဆေးလိပ်ငွေ့တွေက ကလေးအတွက်မကောင်းဘူးနော်"

လင်ကျန်းရီ နောက်ဆုံးတရှိုက်ကိုရှူထုတ်လိုက်ပြီး ဆေးလိပ်ကို
အောက်ခံပြာခွက်ထဲ ထိုးချေလိုက်သည်။ထိုအချိန်မှာပင် စုစစ်ယန်ရဲ့အမေးကို ကြားလိုက်ရ၏။

"ခင်များ.. ဒါဘာအဓိပ္ပါယ်လဲ စကားလေးတစ်ခွန်းလောက် ပြန်ပြောဖို့အတွက်ကို တော်တော်ခက်ခဲနေလား...."

"ဘာအဓိပ္ပါယ်မှမဟုတ်ပါဘူး ငါမင်းကိုဆေးရုံကိုခေါ်သွားမယ်"

လင်ကျန်းရီ စုစစ်ယန်ကိုပြန်ဖြေပြီး ကားစက်နောက်တကြိမ်နှိုးလိုက်သည်။ပြီးနောက်သူ့လမ်းကြောင်းကို ပုဂ္ဂလိကဆေးရုံဆီဦးတည်လိုက်၏။

"....."

စုဇစ်ယောင်ရဲ့ လှပတဲ့မျက်လုံးတွေက ရုတ်တရက်ပြောင်းလဲသွားသည်။သူလင်ကျန်းရီကိုကြည့်ပြီးမေးလိုက်၏။

"ဒီတော့ ခင်များ ကျွန်တော့်ကို မယုံဘူးပေါ့.."

"ငါမင်းကိုယုံကြည်သင့်လို့လား"

လင်ကျန်းရီကလည်း အားကျမခံပင် ချက်ချင်းပြန်ပြော၏။

စုဇစ်ယောင် ခေတ္တခဏ ငြိမ်သက်သွားပြီး နောက်မှီပေါ် စိတ်ပျက်လက်ပျက် မှီချလိုက်သည်။သူကခေါင်းကိုတငြိမ့်ငြိမ့်လုပ်ရင်း ပြောလာသည်။

"အင်းလေ ဖြစ်သင့်ပါတယ် ခင်များမှမဟုတ်ဘူး ကျွန်တော်လည်း စကြားကြားချင်း လုံး၀မယုံကြည်နိုင်ခဲ့ဘူး..."

လင်ကျန်းရီ စုစစ်ယန်ကို လှောင်ပြုံးနှင့် ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်၏။
စုစစ်ယန် အတော်ကြာကြာငြိမ်သက်နေရင်း တည်တည်ငြိမ်ငြိမ်ပင် စကားစပြောသည်။

"ဒေါက်တာကပြောတယ် ကျွန်တော့်ခန္ဓာကိုယ်တည်ဆောက်ပုံက ထူးခြားတယ်တဲ့ ဒီလိုဖြစ်စဉ်မျိုးက ကိုယ်၀န်ဆောင်အမျိုးသမီး တစ်ထောင်မှာ တစ်ယောက်တွေ့ရခဲတယ်တဲ့ သူတို့လည်းအံ့သြနေကြတယ် သူတို့ကပြောသေးတယ် သူတို့တွေ အနာဂတ်မှာ ကျွန်တော့်အတွက် သုတေသနအဖွဲ့တစ်ခုတည်ထောင်သင့်တယ်တဲ့..."

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now