သားပေါက်လေးရဲ့ရုန်းကန်မှု။(U+Z)

1.7K 348 12
                                    

Unicode

Chapter 37: သားပေါက်လေးရဲ့ရုန်းကန်မှု။
__________________________________________

စုကျစ်ယန် ကသူ့ရှေ့က ဟင်းအမယ်ခြောက်မျိုးနဲ့ဟင်းချိုတစ်ခွက်ကိုကြည့်ပြီးအံ့သြလွန်းရလို့သူ့မျက်လုံးတွေခမျာ အပြင်ကိုထွက်ကျလုလုပင်။

ဒီခွေးကောင်လင်က တကယ်ကြီးကိုဒါတွေကိုလုပ်ခဲ့တယ်! အဲ့ဒါတွေက...အရောင်အဆင်း၊ အနံ့၊ အရသာတို့နှင့်တောင် ပြည့်နှက်နေသေးတယ်!

အေပရွန်ကို ၀တ်ထားသည့် လင်ကျန်းရီ သည် တူကိုအသာမ၍ဟင်းများကို ပန်းကန်အတွင်းသို့နှစ်သက်ကျေနပ်စွာဖြင့်ထည့်လိုက်လေသည်။

သူ့မျက်နှာကအပြစ်ကင်းစင်နေပြီး "ကျစ်ယန် မင်းဗိုက်ဆာနေပြီလား မြည်းကြည့်စမ်းပါ၊ အဲဒါကမင်းရဲ့လျှာအရသာနဲ့မကိုက်ညီရင်ကိုယ်ပြန်လုပ်ပေးမယ်"

" ဒါတွေ...ခင်ဗျား ဒါတွေအားလုံးကိုလုပ်ခဲ့တာလား"
စုကျစ်ယန်သည် လင်ကျန်းရီ မှ သူ၏လက်အတွင်းသို့လွှဲပြောင်းထည့်ပေးလာသော တူကိုယူလိုက်ပါသော်လည်း သူ့မှာအနည်းငယ်တော့မယုံကြည်နိုင်သေးပေ။

ဒီလူဟာသူ့ကိုယ်တိုင်ဘယ်အရာကိုမှမလုပ်ကိုင်ခဲ့ဖူးတဲ့ ငယ်ရွယ်တဲ့ သခင်လေးတစ်ယောက်ဆိုတာရှင်းပါသည်။ သူကဘယ်လိုလုပ်ဤကဲ့သို့ ဂုဏ်ရှိတန်းရှိအရသာရှိသောအစားအသောက်ကိုချက်ပြုတ်နိုင်ပါမည်နည်း။

"အို!ဟုတ်တာပေါ့။ ကိုယ့်လက်ရာကိုစမ်းကြည့်စမ်းပါ!"
လင်ကျန်းရီသည် ကတိုက်ကရိုက်၀န်ခံလိုက်ပြီး သူ အတင်းတိုက်တွန်းလိုက်သည်။

ထို့နောက် စုကျစ်ယန် သည် ငါးအသားတစ်ဖဲ့ကို ယူ၍ ပါးစပ်ထဲထည့်ရန်လုပ်လိုက်စဥ် လင်ကျန်းရီ ကတားလိုက်သည်။
"ခဏနေဦး! ဒီမှာဆူးများရှိနေလား ကိုယ်အရင်ကြည့်ပါရစေ၊ငါးအရိုးမဆူးရလေအောင် ဂရုစိုက်ပြီးစား! "

လင်ကျန်းရီသည် ငါးအရိုးနွှင်ကာ ငါးအသားများကို စုကျစ်ယန် ၏ရှေ့ရှိ ထမင်းပန်းကန်ထဲသို့ထည့်လိုက်လေသည်။

"ရပြီ၊စားတော့"

စုကျစ်ယန် သည်ငါးအသားဖတ်နှစ်ဖတ်မျှ စားပြီးနောက် ခေါင်းညိတ်ပြလေသည် -" အမ်း... အရသာရှိတယ်..."

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now