ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)

Start from the beginning
                                    

အတွေးများစွာထဲ သူ့စိတ်တွင် စကားလုံးတစ်ချို့အား တလေးတနက် ရေရွတ်မိနေသည်။

'ဟီရိုကို ... မင်းရဲ့သားက ငါတောင် ဘာမှမသင်ပေးရသေးဘူး၊ သူ့ဘာသူ သန်မာလာခဲ့ပြီ။

ဒါပေမဲ့ အချစ်နဲ့ပြန်တွေ့သွားတဲ့အချိန်မှာ သူက ပျော့ညံ့လာသလိုပဲ၊ အင်းပေါ့လေ။ အချစ်မရှိတဲ့ဘဝကြီးက လူဖြစ်ဖြစ်၊ မိစ္ဆာဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် ... မေတ္တာတရားနဲ့ မထိတွေ့ရလေ အရိုင်းဆန်စေတယ်မလား။

ဒီအရိုင်းကောင်လေးလည်း မေတ္တာစစ်နဲ့ ပြန်တွေ့သွားလို့ ထင်ပါရဲ့။

သံတုံးလေးကနေ ဖယောင်းတုံးလေးဖြစ်လာပြီ။ မင်းလည်း ကောင်းကင်နန်းတော်မှာ စိတ်ချလက်ချနေနှင့်ဦး ဟီရိုကို ...။

ငါ ဒီကောင်လေးကို ငါ့အသက်နဲ့ရင်းပြီး စောင့်ရှောက်သွားမှာပါ။

အချိန်တစ်ခုရောက်ရင် .... ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားတွေဆိုတာ ငါကိုယ်တိုင် သူ့ကို သေချာလမ်းပြပေးသွားမှာမို့လို့ မင်းစိတ်မပူနေပါနဲ့။

မင်းရဲ့ကောင်းကင်မှာ မင်း သက်တော်ရှည်ပြီးကျန်းကျန်းမာမာရှိနေဖို့အတွက် အမြဲတမ်း ငါဆုတောင်းပေးနေတယ် ... ငါ့ရဲ့အချစ်ဦးလေး ...'

ကောင်းကင်ကိုကြည့်ကာ အတွေးဥယျာဉ်ကြီးထဲ လည်ပတ်နေခိုက် သူသတိရသွားသည်။

သူ​၏ကီမိုနိုအင်္ကျီတွင်းက အိတ်ကပ်တစ်ခု၌ ထည့်သိမ်းထားသည့် အဖြူရောင်လက်ကိုင်ပဝါလေးတစ်ထည်အား အင်္ကျီပြင်ဘက်ကို ထုတ်ယူခဲ့သည်။

အဖြူရောင်ချည်ပိတ်စအပေါ်တွင် ရွှေချည်ငွေချည်အပြင် ရောင်စုံချည်ဖြင့် ထိုးထားသော ချယ်ရီပန်းပွင့်ပုံလေးများ နှင့် ကာနေရှင်းပန်းပုံလေးများရှိပေသည်။

ထို ပန်းပုံများအလယ်မှာတော့ ပုစဉ်းလေးနှစ်ကောင်ပူးနေသည့်ပုံလေး ရှိနေ၏။

လက်ကိုင်ပဝါဟာ ချည်အကောင်းစား၊ အချောသားဖြစ်ပြီး ပတ်ပတ်လည်ကမူ ငွေချည်အတွန့်အထပ်လေးများဖြင့် အနားကွပ်ထားခြင်း ခံထားရသည်။

ကိုတဟာ ထိုလက်ကိုင်ပဝါလေးကို ကြင်နာသိမ်မွေ့သောမျက်ဝန်းလေးများဖြင့် ကြည့်နေခဲ့ပြီး သူ့လက်ချောင်းများကလည်း ထိုလက်ရာမြောက်လှသည့် ချည်ပန်းချီပုံလေးများပေါ် ဖွဖွလေး ပွတ်သပ်နေခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now