우리가 어떻게 만나는지

353 58 2
                                    

နောက်ဆံုးတော့အထက်တန်းပီးလို့သွားပီ...
Hyunsukလိုချင်တဲ့ sejong တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့ပါတယ်...သူလို့ချင်တဲ့ civil engineering majorနဲ့

ဒီနေ့uniပထမဆုံးရက်...

နွေးထွေးတဲ့နေရောင်နဲ့ သာယာတဲ့ရာသီဥတုက Hyunsuk ရဲ့လှုပ်ရှားနေတဲစိတ်ကို့ ပံ့ပိုးပေး‌ေနသယောင်....

ကျောင်းဝင်းကြီးကိုကြည့်ရင်း...စိတ်လှုပ်ရှားစွာဝင်ရောက်မိသည်...

မေဂျာအဆောင်နားရောက်တော့...
Junghwanကသာရောက်လို့နေပီး... Doyoung‌မရောက်သေးပါ

"Hey Bro"
Hyunsukမျက်ခုံးတို့ကိုပင့်၍handshake ဖြင့်နှုတ်ဆက်လိုက်သည်...
"ကင်မ်ဒိုယောင်းဆိုတဲ့ကောင် ဘာလို့နောက်ကျနေတုန်းမသိ‌ဘူး..ပထမဆုံးနေ့ကို"

စကားမှမဆုံးသေး..မြောက်ကြွကြွ အဝါရောင်ဝမ်းဆက်ဖြင့် Kim Doyoungကိုတွေ့မြင်လိုက်ရသည်..

"ဟိုမှာလာပါပီမင်းအဖေ"
"ခွီး😆"

"အချစ်လေးတို့ဘာတွေ‌ေပြာ‌ေနကြတာလဲ"
"ဘာ..ဘာမှ..ㅎㅎဘာမှမဟုတ်ဘူးㅎ핳"

ဘာကိုအူတက်နေမှန်းမသိတဲ့Hyunsukကို Junghwanကဆွဲပီးအဆောင်ထဲဝင်ခဲ့ရသည်..

သုံးယောက်လုံးဝါသနာပါတာတူညီနေတာမို့...ရွေးချယ်သည့်မေဂျာလဲတူညီကြသည်..ဝင်ခွင့်ကတော့ ၃ယောက်လုံး မေးစရာမလိုအောင် အောင်တာပေါ့...

အတန်းချိန်က ၃ချိန်ဆက်ပါ...
အစမို့စာသိပ်မသင်ပေမဲ့ ခါးတော့အတော်လေးညောင်းတယ်...

ခါးကိုလှည့်ရင်းJunghwan က..
"Cafeteria သွားရအောင်လေ..ဗိုက်ဆာလို့သေတော့မယ်"
"ခုမှ၁၁ခွဲကို"
"အေးလေ စာသင်နေတုန်းကို"

Junghwanကမျက်စောင်းတွေထိုးပီး...တည့်တည့်ပြန်လှည့်သွားသည်....

ခနကြာတော့ဆရာက အတန်းဆင်းလို့ပေးသည်..

အပြင်သို့ထွက်ရန်စာအုပ်များကိုထည့်နေစဉ်မျက်ဝန်းထောင့်မှာမြင်လိုက်ရတဲ့ အရိပ်တစ်ခု...

ဘာကြောင့်မှန်းမသိ Hoonကိုသတိရမိသည်...
လျှပ်တစ်ပျက်သာမြင်လိုက်ရသော်လဲ ထိုလူသားမှာ Hoonနှင့်သိပ်တူသည်...

မဖြစ်နိုင်လောက်ပါဘူး...Hoonကဘူဆန်သားပဲ ဘူဆန်မှာတက်လောက်မှာပါ

Written By Heart Where stories live. Discover now