너와의 마지막 만남

344 53 13
                                    

စက္ကန့်တွေကိုမိနစ်တွေကတိုက်စားသွားပီး မိနစ်တွေကိုနာရီတွေက တိုက်စားလို့သွားပြန်ပီ....

တိုက်စားသွားတဲ့ အချိန်တွေနဲ့ အတူတူနေ့ရက်တွေကကုန်ဆုံးသွားခဲ့တာ ခုဆိုသူတို့နှစ်ဆုံးစာမေးပွဲကြီးတောင် မနက်ဖြန်ဆို ဖြေရတော့မယ်

ပြောင်းလဲမှုအချို့လဲ ကျွန်တော့ဘေးမှပေါ်ပေါက်လာပီပေါ့ ...ဥပမာ Jaewoo

Friend zoneထဲရောက်နေတဲ့အဲ့နှစ်ကောင်နောက်ဆုံးတော့ Friend zoneထဲကထွက်နိုင်သွားပီ...

Jihoonနဲ့ကျွန်တော်ကြားက ဆက်ဆံရေးကတော့ဘာဆိုဘာမှ ပြောင်းလဲမသွားပါဘူး...

အရင်လိုပဲနေ့လည်ဘက်တွေ တူတူစာလုပ်တယ်...သွားချင်တာရှိရင် တူတူသွားတယ် ဒါပါပဲ...

Junkyu Hyung?ကျွန်တော် Hyung ကိုသတိရသေးလား? အဲ့ဖြေကိုမညာတမ်းဖြေရရင်တော့ ဟင့်အင်း။ သတိမရတော့ဘူး အမှန်ကhyunsuk .. Hyung ကိုမချစ်ခဲ့ဘူး

ပြည့်စုံလွန်းသူမို့ သဘောကျမိခဲ့ရုံပါပဲ...
တစ်ခြားဘာမှမပိုပါဘူး

Hyung ပြောင်းသွားတော့ Hyung ကိုသတိမရမိတော့ဘူး...ရကြားလဲမရှိပါဘူး Hyper ကိုသူ
ငယ်ချင်းတော်ထားမိတာကို..

အားနေ Park Jihoon ကျက်ခိုင်းတဲ့စာတွေနဲ့ပတ်ချာ‌လည်နေတာပဲ...

"Jihoona မနက်ဖြန် Good Luckကွာ"
"မင်းရောပဲ"

ဒီလိုနဲ့စတင်ခဲ့တဲ့စာမေးပွဲကြီး...အတန်းတင်စာမေးပွဲမို့ကျောင်းသားအားလုံးကြိုးစားကြရသည်...

နောက်ဆုံးဘာသာမဖြေခင်ည...
Hyunsukရယ် Jihoonရယ်Jaehyuk ရယ် Jeongwooရယ် Yedamရယ်Jaehyuk အိမ်မှာစုပီးစာကျက်နေကြသည်....

အတူတူစာကျက်နေရင်း အိပ်ငိုက်လာတာမို့ Jaehyukမေမေလာချပေးတဲ့..မုန့်တွေစားလိုက်cocaသောက်လိုက်နဲ့အချိန်ကုန်နေကြ၏...

"မနက်ဖြန်နောက်ဆုံးနေ့ဆိုတော့ငါတို့စာ‌ေမးပွဲပီးရင် လျောက်လည်ရအောင်လေ"
"ကောင်းသားပဲဘယ်သွားမလဲ?"

အ‌ေတွးကိုယ်စီနဲ့ အတန်ကြာတိတ်ဆိတ်သွားကြပီး...ခနကြာမှJaehyuk က..

"Jeolyoungပင်လယ်ကမ်း‌ေခြလျှောက်လမ်းဆိုဘယ်လိုနေမလဲ...ပီးရင်ငါတို့မုန့်သွားစားကြမယ်လေ"
"ကောင်းသားပဲ"
နှစ်ယောက်သာ းတစ်ပြိုင်နက်ပြောမိတာမို့ jihoon နဲ့ Hyunsukအချင်းချင်းကြည့်ကာရယ်မိကြတော့သည်..

Written By Heart Where stories live. Discover now