우리가 어떻게 만났는지

581 76 8
                                    

Hyunsuk ကားပေါ်ကဆင်းရင်း junkyu Hyung ကိုနှုတ်ဆက်လိုက်သည်...

"Hyung ညနေကျရင် ကျောင်းရှေ့က စောင့်နေမယ်နော်...သင်ကြားတာ‌ေတွ ကြိုးစားလုပ်ပီး ဆရာရှင်းပြတာတွေ ဂရုစိုက်နား‌ေထာင်...ပီး‌တော့အိပ်မနေနဲ့နော်..ကောင်းကောင်းသွား"ဟူ၍မေမေ့ ထက်ရှည်လျားစွာမှာ ပီးမှပြန်ထွက်သွားသည်

တနင်္လာနေ့မို့ သူကျောင်းစတက်ရပီလေ..ကျောင်းကဒယ်ယွန်းအထက်တန်းကျောင်း(daeyeon)
ကျောင်းအတွင်းသို့ ဝင်ခဲ့ရင်း‌ ဆရာရုံးခန်းကို အရင်ရှာလိုက်သည်..ခနနေ ကျောင်းတက်မှ ဆရာမကတူတူသွားမည်ဆို၍ hyunsuk ခမျာ‌ထိုင် စောင့်နေရ‌ေတာ့သည်...

ကျောင်းတက်ဖို့ ၅မိနစ်လောက်လိုတော့မှ
"သွားရအောင်"

ဆရာမ သူ့ကို တစ်ခါတည်းခေါ်သွားပီး မိတ်ဆက်ပေးသည်

ကျောင်းမတက်သေးတာမို့ သူ့သူငယ်ချင်းလောင်းတွေကနေရာမှာ မရှိကြသေးဘူး..ဒါပေမဲ့အကုန်လုံးအာရုံကသူ့စီမှာ..

"안녕하세요(မင်္ဂလာပါ) Choi hyunsukလို့ခေါ်ပါတယ်..Seoul ကနေပြောင်းလာတာပါ ေရှ့‌ေလျှာက်ကောင်းကောင်းအကူအညီတောင်းပါတယ်"
"လာသား..."
ဆိုပီး ဆရာမက classroomရဲ့ ညာဘက်ဘေးထောင့်ကို ခေါ် သွားသည်..

လွတ်နေတဲ့နေရာက ပြတင်းပေါက်ဘေးမှာမလို့ တော်ပါသေးရဲ့..

"Jihoon ...သားenglish စာ စာအုပ်လေးပေးပါအုံး"

ဆရာမနဲ့ကွယ်ထားတာကြောင့် တစ်ဖက်လူကိုတော့ မမြင်ရဘူး...

သူ့ရှေ့ရောက်လာတဲ့ အင်္ဂလိပ်စာ စာအုပ်..လှလိုက်တဲ့လက်ရေးတွေ...ယောင်္ကျားလေးလက်ရေးလို့တောင် မထင်ရဘူး... Text book ထဲကအတိုင်းပဲ..ညီညာနေတဲ့အပြင် ဝိုင်းရမဲ့စာလုံးလေးတွေက လဲဝိုင်းစက်လို့..space ခြားတာကအစ ညီညာလို့နေသည်.. Hyunsuk လက်ရေးနဲ့တော့ တစ်ခြားစီပဲ..သေသပ်မှုဆိုရင် မိုးနဲ့မြေလိုပဲ...

ဆရာမက သူ့ကိုစာတွေ ပြောပြပေးသည်... Timetable အကြောင်း လိုအပ်တာတွေပြောပြပေးကာ..သင်ခန်းစာကိုစလိုက်သည်...

ကွယ်နေတဲ့ဆရာမဖယ်လိုက်မှ မြင်လိုက်ရတဲ့လက်‌ေရးလှလှတို့ ပိုင်ရှင်အနှီလူသား..လက်ရေးတင်လှတာ မဟုတ်လူကပါ အတော်လေးချောသည်..

Written By Heart Where stories live. Discover now