다시 부산 (EXTRA)

544 53 15
                                    

"ဝါးး လွမ်းနေတာ "
ဘူဆန်ရဲ့ဆားနံ့သင်းတဲ့လေထုကိုရှူရှိုက်ရင်း hyunsuk ပြောလိုက်တဲ့စကားကို Jihoon ကအပြုံးလေးနဲ့တုန့်ပြန်သည်...

"မရောက်တာ၈နှစ်တောင်ရှိပီ"
Jihoonက hyunsukဆံပင်တို့ကိုအသာဖွရင်း
"၈နှစ်အတွင်းအများကြီးပြောင်းလဲသွားတယ်နော်"

"မင်းနဲ့ငါဆက်ဆံရေးကောလေ"
.
.
.
.
၈နှစ်ကြာမှပြန်ရောက်တဲ့ဘူဆန်...

၆နှစ်ပြည့် anniversaryအနေနဲ့ ဘူဆန်ကိုသူတို့နှစ်ယောက်အတူတူလာလည်ကြခြင်းပင်...

Jihoonမိဘများအိမ်တွင်နေမည်မို့..အရင်ဆံုးမိဘများအိမ်သို့သွားရောက်လိုက်ကြသည်...

Jihoonမိဘတွေကဖော်ရွေတာမို့ တော်သေးသည်ဟုဆိုရမည်..အနေခက်စရာဟူ၍မရှိခဲ့...

ပစ္စည်း‌ေတွထားပီးတာနဲ့ သူတို့ အမှတ်တရတွေအများဆုံးရှိရာ ကျောင်းတော်ကြီးဆီသို့အရင်ထွက်ခဲ့လိုက်သည်...

Jihoonရဲ့အိမ်နီးခြင်း jaehyukကိုဝင်ခေါ်လိုက်တော့...မပြောင်းမလဲအရင်လို ဝမ်းပမ်းတသာကြိုဆိုလေသည်...ထို့နောက် Jeongwooကိုခေါ်ရင်းဒယ်ယွန်းအထက်တန်းကျောင်းစီသို့....

"အရာရာပြောင်းသွားပေမဲ့ကျောင်းကြီးပမပြောင်းလဲဘူးနော်"
"အွန်း...အရင်အတိုင်းပဲ"

ကျောင်း‌ေစာင့်ကြီးကိုခွင့်‌ေတာင်းဝင်ပီး...သူတို့လေးယောက်တူတူနေခဲ့ကြတဲ့အခန်းလေးစီသို့ရောက်တော့ အတိတ်က အမှတ်တရတွေကပိုမိုအသက်ဝင်လာသယောင်....

တူတူစနောက်ခဲ့ကြတာတွေ...ရယ်မောခဲ့ကြတာတွေ...စာတွေလေ့လာခဲ့တာတွေ ...အရာရာဟာလွမ်းစရာဖြစ်လို့နေပီ...အခုဆိုသူငယ်ချင်းတွေအကုန် ဘွဲ့ရကုန်လောက်ပီ..အလုပ်ကိုယ်စီနဲ့လူနေမှုဘဝမှာရုန်းကန်လှုပ်ရှားနေကြလောက်ပီ...ကိုယ်ပိုင်မိသားစုဘဝလေးတွေလဲပိုင်ဆိုင်လောက်ရောပေါ့...

အခန်းထိပ်ကနေပီးတစ်ခန်းလုံးကိုHyunsukကြည့်နေမိသည်...

Jaewooကတော့ Lockerတွေနားလေးမှာ...hoonကတော့ သူတို့တူတူ ထိုင်ခဲ့တဲ့ ညာဘက်ထောင့်ပြတင်းပေါက်နားကခံုလေးမှာထိုင်လို့ ..

Hyunsuk... Jihoonနားသွားကာဝင်ထိုင်လိုက်၏...
ကျောင်းကထိုင်ခုံပေါ်ထိုင်လိုက်တော့ကျောင်းသားဘဝကိုပြန်ရောက်သွားသလိုခံစားရသည်...

Written By Heart حيث تعيش القصص. اكتشف الآن