너 없이 보낸 시간들

341 53 6
                                    


Hyunsuk အိမ်ပြန်ရောက်တာနဲ့ပစ္စည်းတွေသိမ်းနေတဲ့မေမေနဲ့ဖေဖေကစီးကြိုလို့နေသည်...တစ်အိမ်လုံးလဲအတော်လေးသိမ်းပီးနေပီ...

"မေမေနဲ့ဖေဖေ ဘာလုပ်နေကြတာတုန်း"
"သားရေ  ဖေဖေတို့ Seoul ပြန်ပြောင်းရတော့မယ်တဲ့ "
"ဗျာ?"
"ကဲကဲညစာမစားခင်ပစ္စည‌်းတွေမြန်မြန်သိမ်းမှတော်ကာကြမှာ မနက်ဖြန်မနက်စောသွားရမှာ"
"ဗျာ?"
ဒုတိယမ္ပိဗျာမိခြင်း...

"သားအဝတ်တွေတော့မေမေသိမ်းထားပေးတယ် ကျန်တာလေးတွေကြည့်ကြပ်သိမ်းလိုက်"
Hyunsuk ခပ်တွေတွေခေါင်းငြိမ့်ပြကာအခန်းထဲသို့ဝင်ခဲ့သည်..သူJihoon တို့ကိုမနှုတ်ဆက်ရသေးဘူးလေ..နှုတ်ဆက်ချင်သးတယ်...

နောက်တစ်နေ့...

ဒီနေ့ဘူဆန်ကနေတကယ် သွားရတော့မယ်...မနက်အစောကြီးမို့ Jihoonတို့ကိုလဲသွားတွေ့လို့မရဘူး...ဘယ်လိုမှမတတ်နိုင်ဘူးလေ...တောင်းပန်ပါတယ်ကလေးတို့ရယ်...



အချိန်ကာလအားဖြင့် ၁နှစ်ကျော်ကြာမြင့်ခဲ့ပီ...

တိုက်စားသွားတဲ့အချိန်တွေနဲ့အတူ Jihoonပြောင်းလဲလို့သွားခဲ့ပီ..မေးရိုးထင်းထင်းတို့က ထင်ရှားရုံမကပြတ်သားလာခဲ့ပီ...မြင့်မားလာတဲ့အရပ်နဲ့တကွ တစ်စုံတစ်ယောက်ဆွဲကိုင်ဖူးတဲ့လက်အစုံမှာအကြောစိမ်းတို့ယှက်ဖြာလို့လာခဲ့သည်...

၁နှစ်ကျော်လို့သာသွားတယ် သူ Hyunsukကိုချစ်နေတုန်းပဲ ပိတ်ရက်တွေမှာသူတို့အိမ်ကလေးနားသွားကာပြန်လာလေမလားစောင့်ရတာလဲအလုပ်တစ်ခုလိုဖြစ်နေပီ...

လေနုအေးတွေတိုက်ခတ်နေတဲ့အချိန်မှာ တူတူသွားဖူးတဲ့ကမ်းခြေကိုများရောက်နေလေမလားလို့သွားကြည့်ရတာအမော...

နေစဉ်Jihoon လုပ်ငန်းဆောင်တာတွေထဲမှာ Dreamcatcherလေးကြည့်ပီးငိုရတာလေးတိုးလာခဲ့ပီ...

နေ့လည်ဘက်တွေဆိုစာကြည့်တိုက်ကိုရောက်လာမလားဆိုပီးစာကြည့်တိုက်မှာပဲအချိန်တွေကုန်နေမိသည်...အကျိုးရလဒ်အနေနဲ့ကတော့ မှန်ကြောင် Jihoonဖြစ်သွားတာပါပဲ...နဂိုကမျက်မှန်တစ်ခါတစ်လေတပ်ပေမဲ့အမြဲမတပ်ခဲ့ရဘူး

နေ့တိုင်းတစ်ယောက်သောသူ သိပ်သဘောကျတဲ့ Civil engineeringအကြောင်းတွေဖတ်တယ်...အမြဲတမ်းပဲ

Written By Heart Where stories live. Discover now