Part_2

404 59 7
                                    

{Zawgyi}

ဂေဟာကပြန်ခါနီးတွင် ဝင်လာသည့် ဖုန်းCallကြောင့် မှိုင်းခက်အား အဝတ်သွားသိမ်းခိုင်းကာ သူကတော့ဖြင့် ထိုနံပါတ်စိမ်းအား ခပ်လှမ်းလှမ်းတွင် သွားကိုင်လိုက်လေသည်။

"Hello..."

"ဟေ့ကောင်! မှိုင်းဆက်....မင်းကွာ ပျောက်နေလိုက်တာများ တစ်ပတ်လုံးလုံး ငါတို့ဆီတောင်မလာဘူး...။ မင်းဆေးသုံးဖို့ ပြတ်လပ်နေပြီမဟုတ်လား ငါတို့အခုမင်းကွန်ဒိုရှေ့ရောက်နေတယ် ပိုက်ဆံယူပြီး ဆင်းလာခဲ့တော့ ဆေးကအသင့်ပဲ"

မှိုင်းဆက်ဆေးပြတ်သွားသည်အား သူ့ရေပေါ်ဆီအပေါင်းအသင်းတွေ မသိသေးရာ ယခုလိုဆေးလာရောင်းခြင်းဖြစ်ပေလိမ့်မည်။

ထိုကောင်တွေနဲ့ပေါင်းပြီး ဆေးစွဲသွားတဲ့ မှိုင်းဆက်အဖြစ်ဟာ နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်နေသူ ရှိကြောင်း သူအသေအချာကိုသိပါသည်။

စီးပွားရေးလောကက တကယ်ပဲ ကြောက်စရာကောင်းလိုက်တာ!

"sorryပဲ ငါ့ကောင်တွေရာ။ အဲ့ဆေးတွေ ငါထပ်မလိုတော့လို့ မင်းတို့လည်းငါ့ကို ထပ်ပြီးမဆက်သွယ်နဲ့တော့"

တစ်ဖက်ကအပြောကို မစောင့်ပါပဲ တိခနဲဖုန်းချလိုက်ပြီးနောက်တွင် ထိုနံပါတ်အား Blacklistထဲတန်းထည့်ပစ်လိုက်သည်။

မှိုင်းခက်ကို ပြန်လာခေါ်ပြီးသွားရင် နောက်နေ့တွေမှာ သူ့ဘဝအတွက် သူကိုယ်တိုင်ရုန်းကန်ရပါတော့မည်။

အဝတ်စားကိုတောင် သေချာမခေါက်နိုင်ပါပဲ လုံးထွေးကာဖြင့်သာ ကျောပိုးအိတ်ထဲထည့်နေသော မှိုင်းခက်သည် သူအချိန်ဆွဲနေသဖြင့် ကိုကိုထပ်ထားခဲ့မည်အား စိုးရိမ်နေပုံရသည်။

"မှိုင်းခက်....."

သွားမယ်တကဲကဲ ဟန်ပြင်နေသူသည်ကား စက္ကဦးသာ၏ ခေါ်သံကြောင့် လုပ်လက်စတွေကိုပင်ရပ်ကာ သူ့အားပြေးဖက်ပါသည်။

"ငါပြောတယ်မလား....ကိုကိုက ငါ့ကိုပြန်လာခေါ်မှာပါဆို"

"အင်း....မင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်လာပြီ။
နှုတ်ဆက်ရတော့မှာပေါ့...မင်းနဲ့"

ငိုသံစွက်နေသော စက္ကဦးသာ၏ အသံအနေအထားကြောင့် မှိုင်းခက်သည်ပင် ငိုမဲ့မဲ့ဖြစ်လာရသည်။

You've reached the end of published parts.

⏰ Last updated: Jun 22, 2022 ⏰

Add this story to your Library to get notified about new parts!

System ! ! You're my E.N.E.M.Y❗️❗️Where stories live. Discover now