{Zawgyi}
တစ်ပတ်လောက်အိပ်ခန်းထဲမှ အပြင်သို့မထွက်နိုင်ဘဲ ဆေးစွဲနေသည်အား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရအောင်ဖြတ်ရသော Nineမှာ သနားစဖွယ်ကောင်းလှသည်။
သေမတတ်နာကျင်နေသည့် ခန္ဓာကိုယ်အားလျစ်လျူရှုရသည်မှာ လွယ်ကူသည့်ကိစ္စတော့မဟုတ်တန်ရာ။
ကွန်ဒိုအတွင်းမှာသာ တစ်ယောက်ထဲကူကယ်ရာမဲ့အဖြစ်နှင့် အလူးအလဲခံရင်း နောက်ဆုံးတွင်တော့ Nine ဆေးကိုဖြတ်နိုင်ခဲ့လေပြီ။
အင်း ဆေးစွဲတာ Nineမဟုတ်ပေမဲ့ ရောက်နေတဲ့ ခန္ဓာကိုယ်ဖြစ်တဲ့ မှိုင်းဆက်ကစွဲနေခြင်း ဆိုသော်ငြားလည်း အကျိုးသက်ရောက်သည်ကား Nineထံတွင်သာ။
[ရော့သောက်လိုက်.....]
လက်ထဲရောက်လာသည့် အကြည်ရောင်အလုံးလေးအား အသေအချာစိုက်ကြည့်နေသည်မှာ အံ့အားတသင့်။
[ပထမကမ္ဘာမို့ အကူအနေနဲ့ရတာ...
Physicalရော Mentalရော မွမ်းမံပေးမဲ့ ဆေး..
နောက်ကမ္ဘာတွေရောက်ရင် အလကားမရတော့ဘူး]လုံပြောသည်အား ခေါင်းတငြိမ့်ငြိမ့်နှင့် မှိုင်းဆက်မှာ ထိုဆေးလုံးအား မတုံ့မဆိုင်းပဲမြိုချလိုက်သည်။
စက္ကန့်ပိုင်းအတွင်း ဦးရေပြားစီမှ ရှိန်းတိန်းတိန်း ခံစားချက်အား ဦးစွာရရှိပြီးနောက်တွင် ခန္ဓာကိုယ်တစ်ကိုယ်လုံးပါမကျန် အခိုးအငွေ့တွေ ထွက်နေသည့် ရှိန်းတိန်းဖိန်းတိန်း ခံစားချက်အား မှိုင်းဆက်တောင့်ခံလိုက်ပါသည်။
များမကြာမီတွင် ရေချိုးခန်းအတွင်း ညစ်ထေးနေသော အရောင်တို့နှင့် ပြည့်လျှံသွားသည့်အခါ မှန်ရှေ့တွင်တော့ မှိုင်းဆက်၏ ရုပ်ရည်မှာ အတိအလင်းပြောင်းလဲသွားပါသည်။
ကြည်တောက်နေသော အနက်ရောင်မျက်ဆံတို့က ညှို့ငင်နိုင်စွမ်းအပြည့်။
လေးထောင့်မကျတကျ မျက်နှာထားသည်ကား လန်းဆန်းတက်ကြွသော လူငယ်အသွင်ကိုဆောင်ပါသည်။
ပြေပြေလေးကောက်နေသော ဆံသားတို့က နဖူးပေါ်ဝဲနေလျက်....။
ခပ်စင်းစင်းနှာတံနှင့် အသည်းပုံမကျတကျနှုတ်ခမ်းတို့ကို ပေါင်းစပ်လိုက်သည်တွင် မှိုင်းဆက်မှာ လူချောတစ်ယောက်ဖြစ်ကြောင်း သက်သေခံသည်။
YOU ARE READING
System ! ! You're my E.N.E.M.Y❗️❗️
Random[ရော့...စာချုပ်မှာလက်မှတ်ထိုး ပြီးရင် missionလုပ်ဖို့ သွားမယ်] 'ငါလက်မခံရင်ရော...' [ရှည်လိုက်တာ....သေချင်နေတာလား ထိုးဆိုထိုးလိုက်ပေါ့] 'မင်းလို အရိုင်းအစိုင်းနဲ့ ငါအလုပ်တွဲလုပ်မယ် ထင်နေတာလား ဆုတောင်းလေ...သွား မင်းအထက်ကအဲ့လူကြီးသော ဘာသောမသိတဲ့သူကို သ...