Agreement with system

456 69 1
                                    

{Zawgyi}

တစ်ယောက်နှင့်တစ်ယောက် စိတ်ကောက်နေသည့်အလား ကျောခိုင်းထားပါသော ကောင်လေးနှင့်နဂါးနီလေးမှာ ကိုယ်စီဒေါသတွေကို ဖြေလျှော့နေဟန်ရှိသည်။

ဟူးခနဲ လေပူတစ်ချက်ကို မှုတ်ထုတ်ကာ အသက်ဝဝရှုသွင်းလိုက်သော လုံသည် သူ့ဘက်ကပင် တစ်ထစ်လျော့ကာ တစ်ဖက်လူကို စကားစပြောဟန်ပြင်သည်။

[မင်းလက်မခံဘူးဆိုရင်.....မင်းရဲ့ဖြစ်တည်မှုတစ်ခုလုံးက ထာဝရပျောက်ကွယ်သွားလိမ့်မယ်။ မင်းက ကောင်းကင်နတ်ဘုရားဖြစ်ဖို့အတွက် ဖြစ်တည်မှုတစ်ခုလုံးကို ရင်းခဲ့ပြီးပြီမို့လို့]

မမာမပျော့လေသံနှင့် ရှင်းပြနေပါသော လုံကြောင့် Nineဇဝေဇဝါဖြစ်လာရသည်။

ဖြစ်တည်မှု တစ်ခုလုံး ကွယ်ပျောက်သွားမယ်??

သူဟာအခုအချိန်တွင် ဘာမှတ်ဉာဏ်မှမရှိသည့် ဗလာနတ္ထိလူသားတစ်ယောက်။

ပျောက်ကွယ်သွားတော့ရော သူ့အတွက်ဘာများအရေးကြီးလို့တုန်း။

[သူ....]

"....."

[မင်းရဲ့ချစ်သူက မင်းကိုစောင့်နေတယ်...။
ငါအရင်ကသိခဲ့တဲ့ မင်းအတိုင်း.....အဲ့ဒီလူအတွက် စဉ်းစားပြီး စာချုပ်ကိုလက်ခံလိုက်...နောင်တမရချင်ရင်]

လုံဟာ သူ့ကိုနာကြည်းနေဟန်ပေါ်ပါသည်။

အလုပ်သဘောအရသာ ရှင်းပြနေပေမဲ့ မျက်ဝန်းထဲတွင်တော့ အမုန်းတရားတို့ ပြည့်နေလျက်။

သူ့ကို လုံကအရင်ထဲကသိနေခဲ့ပြီးတော့ သူ့ရဲ့ဘဝအစစ်ဟာလည်း လုံနဲ့ပက်သက်နေမည်မှာ ဧကန်မလွဲ။

"လုပ်ရမဲ့...အလုပ်တွေကို သေချာရှင်းပြ"

သူသည်မှတ်ဉာဏ်တွေမရှိတော့သည်နှင့်အညီ ထိုစာချုပ်အားလက်ခံဖို့ရာအတွက် လုပ်ငန်းဆောင်တာတွေကို အသေအချာသိဖို့လိုပါသည်။

ပြေလည်သွားသည် မဟုတ်သော်လည်း Nineဖက်ကတစ်ထစ်လျှော့ကာ ဆိုလာသောစကားတွင် လုံသည်လည်းပဲ အသေးစိတ်ရှင်းပြရတော့သည်။

သည်းခံထားစမ်း....မင်းချစ်တဲ့သူနဲ့ စိတ်သန့်သန့်အတူနေချင်တယ်မလား..။

System ! ! You're my E.N.E.M.Y❗️❗️Wo Geschichten leben. Entdecke jetzt