Give & Take

2.1K 91 8
                                    

{Zawgyi}

အပြာရောင် နယ်နိမိတ်မျဉ်းအား ဖြတ်သန်းပြီးသောသူ...။

အပေးအယူတစ်ခုကြောင့် Systemထဲ ရောက်လာသော ထိုလူ။

လိုချင်သည့်အရာအတွက် ကိုယ်တိုင်ကြိုးစားယူရမှာဖြစ်သည့်အတွက် ကိုယ်တိုင်ကျေကျေနပ်နပ်ကြီး ဖြစ်တည်မှုတစ်ခုလုံးအား ရင်းခဲ့သူ။

အနှောင့်အယှက်ဖြစ်မည်အား စိုးသောကြောင့် ထိုကောင်လေး၏ မှတ်ဉာဏ်တို့အား ကောင်းကင်အရှင်ကိုယ်တိုင် ချိတ်ပိတ်ခဲ့လေရဲ့။

ထိုကောင်လေးနှင့်အတူ တာဝန်ထမ်းဆောင်ရမည့် အပြစ်သားမမည်တဲ့ အပြစ်သားကတော့....။

Ti...Ti...Ti..Ti

နာရီနှိုးစက်လိုအသံနောက်တွင် တုံ့ဆိုင်းခြင်းမရှိဘဲ ဖျတ်ခနဲ ပွင့်လာတဲ့ မျက်ဝန်းနက်နက်တစ်စုံ။

ကြယ်တာရာအစုအဝေးလို တလက်လက်တောက်ပနေသည့် ထိုမျက်ဝန်းတို့က ကောင်လေး၏ ပုံရိပ်အား ကျော့ရှင်းစေသည်။

ခပ်သေးသေးနှုတ်ခမ်းနှင့် ဘယ်ဖက်နှုတ်ခမ်းအောက်မှ အထင်အရှားမှဲ့နက်ကလေးက ထိုကောင်လေး၏  ကိုယ်ပိုင်သင်္ကေတအလား။

ခပ်ချွန်ချွန် မေးဖျားနှင့် နှာခေါင်းလုံးလုံးလေးတို့ကြောင့် ထိုလူသားထံတွင် တစ်ချိန်ထဲမှာပင် ယောက်ျားဆန်မှုနှင့် ချစ်စရာကောင်းမှုတို့အား တွေ့ရလေသည်။

ထူထဲနေသည့်မျက်ခုံးတို့နှင့် ခပ်စိတ်စိတ်မျက်တောင်တို့ကို ပေါင်းစပ်လိုက်သောအခါ ထိုကောင်လေး၏အသွင်မှန်မှာ လူချောတစ်ဦးဖြစ်သည်အား ငြင်းဆန်၍မရပါချေ။

အရွယ်ရောက်ပြီးသား ယောက်ျားတစ်ဦးတွင် ရှိသင့်သော အရပ်အမောင်းနှင့် မပိန်မဝခန္ဓာကိုယ်တို့က မြင်သူတိုင်း ကြွေသွားစေမည့် အနေအထားမှာရှိသည်။

ရုပ်တည်ကလေးနှင့် ကြောင်တိကြောင်တောင်ပုံစံလေးမှာ အပြစ်ကင်းလှသည့်ပုံပေါ်သော်လည်း တစ်စုံတစ်ယောက်ကတော့ဖြင့် ထိုကောင်လေးအား ကြည့်ရပုံမပေါ်ပါချေ။

[ပြန်နိုးလာပြီလား....]

ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိသည့်အပြင် အေးတိအေးစက်စကားသံက ထွက်လာလေတော့ ကောင်လေးမှာ ခန္ဓာကိုယ်အား အလိုအလျောက်ကျုံ့လိုက်မိသည်။

System ! ! You're my E.N.E.M.Y❗️❗️Where stories live. Discover now