Part 38 (Uni+Zawgyi)

Start from the beginning
                                    

သားက မြတ်က​လေးနဲ့အလွန်တဲ့သည်။မြတ်က​လေးကိုလည်းအရမ်းချစ်၏။ မြတ်ကလည်း သားကို အိမ်လာပြီး​တောင် ထိန်း​ပေးတာ ။

"သား​ကိုး ​ လေး​လေးမြတ်ဆီလာ "

​ရွှေဘုန်းနဲ့ ​ခေတ်က ဘုန်းကြီး​ကျောင်းမှာ ဘုန်းဘုန်းကြီးနဲ့ စကား​ပြော​နေတုန်း သားကို မြတ်က ချီထားသည်။ အဏ္ဏဝါကလည်း သားကို အရမ်းချစ် လို့အိမ်လာတိုင်း ကားစက်ရုပ်​တွေ ဝယ်လာလို့ သား​လေး အခန်းထဲအပြည့် ။

"ကိုး​လေး ဦးခန့်ဆီလာ "

ခန့်မင်းနဲ့ ရ​ဝေ​ပေါ် ပါသွားပြန်သည်။ ဦးခန့်တို့စုံတွဲကလည်း သား​လေး ကိုအရမ်း ချစ်ပြီးအလို လိုက်လို့ ​ခေတ် မနည်းတားထားရသည်။ သား​လေး က အချစ်ခံ​လေးပါ ။ သား​လေး ရက်၁၀၀ပြည့်မို့ ​နေပြည်​တော် က ဖိုးဖိုး ဖွားဖွား​ကော ၊ ရန်ကုန်က ဖိုးဖိုးဖွားဖွား​ကော က လက်​ဆောင်​တွေ ​ပေးကြတာ ။ အခုဆို သား​လေးက ပိုင်ဆိုင်မှု​တွေ နဲ့​ပေါ့ ။ မန်း​လေးက ​ခေတ် မမတို့မိသားစုလည်း ​ရောက်​နေ​တော့ ​ဆွေမျိုးအစုံအလင် ။ ​မောင့် မမ က မလာ ဖြစ်​ပေမယ့် သားအတွက် လက်​ဆောင်အရုပ်​တွေ ၊အင်္ကျီ​​တွေ ပို့​ပေးလိုက်တာ အများကြီးပဲ ။

"သား​လေးကို ​​မောင့်ကို​ပေး "

ဘုန်းဘုန်း​ကျောင်းက အပြန် ကိုစည်သူ​မောင်းတဲ့ ကား​ပေါ်မှာ သား​လေးက အိပ်​ပျော်​နေတာမို့ ​ခေတ်က ချီထားတာကို ။

"ရတယ်​မောင်ရဲ့ နိုးသွားမှာ ဆိုးလို့ "

"မရပါဘူး ​ခေတ်​လေး လက်နာ​နေမှာ ဆိုးလို့ "

​ခေတ် ဆီက သား​လေးက သူ့လက်​ပေါ် ​ရောက်သွားသည်။ ပြောသာ​ပြော ရတယ် သား​လေးက ဝလာလို့ ​ခေတ်လည်း ကြာကြာ မချီနိုင်​တော့ပါ ။ ​

"ခေတ်​လေး ခဏ အိပ်လိုက် ​ရောက်ရင် ​မောင်နိုးမယ် "

"အင်းပါ "

​ခေတ် ဟန်မ​ဆောင်နိုင်​အောင် အိပ်ငိုက်​နေတာမို့ ​မောင်က ​​ခေတ်ကို သူ့ ပုခုံး​ပေါ် မှီပြီး အိပ်ခိုင်းထားလိုက်သည်။

"အဟက် "

​ရွှေဘုန်း သားအဖ နှစ်​ယောက်ကိုကြည့်ကာ ရယ်ရင်း ။ သားအဖ နှစ်​ယောက်အိပ်​နေလိုက်တာများ ချစ်စရာ အတိ။

Forever Together  (Completed)Where stories live. Discover now