ထိုသူ၏ အဖြေအား ခနဲ့တဲ့တဲ့ဖြင့်သာ ရယ်လိုက်မိသည်။ အဆင်ပြေမနေပုံ ပေါ်လို့ လာကြည့်တယ်တဲ့လား။ ကျားက ဥပုဥ်​စောင့်သည်ဆိုရင်မှ ယုံချင်စရာ ရှိဦးမည်။

"အလိမ်အညာတွေ။ ဘယ်alphaကများ heatဖြစ်နေတဲ့ omegaကို စေတနာသန့်သန့်နဲ့ လာကြည့်မှာတဲ့လဲ။ ကျုပ်အလစ်မှာ ယုတ်မာဖို့ ကြံနေတာမလား"

"ရော်။ ခက်လိုက်တာ။ ဘာလို့ အဲ့လို ပုံသေသတ်မှတ်ချက်အတိုင်း လျှောက်တွေးနေတာတုန်း လာဗင်ဒါရဲ့။ Alphaတွေလည်း ကြင်နာတတ်ပါတယ်"

"တော်စမ်းပါ! အင့်--"

ပြန်၍ ခွန်းတုံ့ပြန်သော အရှင်ကြောင့် ထိုalphaက သက်ပြင်းချလေသည်။ ခက်ထန်သော ခရမ်းဆွဲရောင်မျက်ဝန်းတို့ဖြင့် သူ့အား ပြန်ကြည့်ကာ မာန်ပါပါ ခွန်းတုံ့ပြန်သော လာဗင်ဒါလေးသည် heatဖြစ်နေသည့် omegaတစ်ယောက်ဆိုတာ ယုံချင်စရာပင် မရှိ။

သို့သော်လည်း ရုတ်တရက်တိုက်ခိုက်လာသော ကိုယ်တွင်းမှ နာကျင်မှုကြောင့် အရှင်၏ ကိုယ်လေးမှာ ပို၍ ကျုံ့ပုံ့သွားတော့သည်။

"နေရခက်နေတဲ့ဟာကို။ မင်းသိပ်ခေါင်းမာပါ့လား လာဗင်ဒါရဲ့"

ထိုalphaက စိုးရိမ်နေသော လေသံဖြင့်ပြောရင်း သူ့အား သားမွေးအခင်းရှိရာသို့ အသာချပေးလေသည်။ အခွင့်အရေးယူရန် ကြံစည်နေသလား မသိနိုင်သည်မို့ အားတင်း ရုန်းကန်ကာ ထိုင်လျက်နောက်သို့ ဆုတ်မိတော့ ဂူနံရံနှင့် ကျောပြင်တို့ ထိကပ်မိလေသည်။ ဒီအတိုင်း alphaတစ်ကောင် စော်ကားတာကို ခံရတော့မှာလားဟူ၍ အတွေးများလာသည်မို့ ပို၍ ခံပြင်းရပါသည်။

သို့သော်လည်း သူ့အထင်နှင့် ကွဲလွဲစွာ ကျောက်စိမ်းရောင် မျက်ဝန်းပိုင်ရှင်ထံမှ သက်ပြင်းချသံနှင့်အတူ ကိုယ်ပေါ်သို့ ကျရောက်လာသည့် အဝတ်စကြီးကြီးတစ်ခု။ မှောင်နေ၍ မမြင်ရသော်လည်း ဝတ်ရုံကဲ့သို့သော အရာဖြစ်လိမ့်မည်ဟုတော့ မှန်းဆမိလေသည်။

"ကျုပ်ကို မယုံဘူးဆိုရင်တောင် ဒါလေးတော့ ယူထားလိုက်ပါ။ ဝေဒနာတော့ နည်းနည်းသက်သာလာပါလိမ့်မယ်"

ထိုalphaက ပြောရင်းနှင့်ပင် အဝတ်စအား သူ့ကိုယ်တွင် ​ပတ်၍ ခြုံပေးသည်။ အနားသို့ ရုတ်တရက်တိုးကပ်လာသည်မို့ ရုန်းကန်ရန် ​ပြုသေးသော်လည်း ကျောက်စိမ်းရောင် မျက်ဝန်းတို့က အကြည့်ချင်းဆုံစေကာ အသာ ပြုံးပြသည်မို့ ဆန့်ကျင့်ဘက်အရပ်သို့ ခေါင်းလှည့်ကာ ရှောင်လွဲလိုက်သည်။ မျက်နှာကို သဲကွဲစွာ မမြင်ရသော်လည်း မျက်လုံးများကို ကြည့်ရုံပင် ဒီလူ ပြုံးနေသည်က သိသာပါသည်။

𝕸𝖔𝖓𝖆𝖗𝖈𝖍حيث تعيش القصص. اكتشف الآن