Part 33 (Uni+Zawgyi)

Start from the beginning
                                    

​"မောင်ကလည်း ကြီးသူကို ​အိမ်​ခေါ်လိုက်ရင် ဒယ်ဒီနဲ့ မာမီ စား​ရေး​သောက်​ရေး ဘယ်လိုလုပ်မလဲ "

​"ခေတ်​လေးကလည်း ဒီအိမ်​​တော်မှာ အလုပ်သမား​တွေ ဒီ​လောက်များတာ
ကြီးသူကို ခဏပဲ​ခေါ်တာ​လေ
​ခေတ်​လေး က​လေး​မွေးပြီးရင်ပြန်ပို့​ပေးမှာပါ "

"ရပါတယ် သား​ခေတ်​လေးရဲ့
ဒီအချိန်မှာ သား​ခေတ်​လေးက အ​ရေးအကြီးဆုံး "

မာမီက အရမ်းကို ​ကောင်းတဲ့ ​ယောက္ခမပါ ။ ​ခေတ်​လေးအတွက် ဆို အမြဲတမ်းအ​​ကောင်းဆုံး​တွေပဲ​ပေးတတ်သည်။ ကြီးသူ အပြင် ကြီးသူ လက်တိုလက်​တောင်း ခိုင်းနိုင်​အောင် အလုပ်သမား​ကောင်မ​လေး တစ်​ယောက်ပါ ထည့်​ပေးလိုက်သည်။

"သားငယ် !!"

"ဗျာ... ဒယ်ဒီ "

ဒယ်ဒီမရှိတဲ့အချိန် လာပါတယ်ဆိုမှ golf ကွင်းက ပြန်လာတဲ့ ဒယ်ဒီနဲ့တဲ့တဲ့တိုး​နေသည်။ ဒယ်ဒီက ​ရွှေဘုန်းကိုဥက္ကဌ ရာထူးတိုး​ပေးဖို့ အတင်း​တွေလုပ်​နေသည်။ ​ရွှေဘုန်းကလည်း ​ခေတ်​လေး ​မီးဖွားမှာမို့ အလုပ်​တွေကို စိတ်ထဲမနှစ်နိုင်လို့ ဥက္ကဌ ရာထူးမလိုချင်​သေးပါ။

"သားငယ်ဒယ်ဒီ​ပြောတာ​တွေကို စဥ်းစားပြီးပြီလား "

"ဟုတ်ဒယ်ဒီ သားကိုအချိန် နည်းနည်း​ပေးပါ
​ခေတ်​လေး က​လေး​မွေးပြီးမှ သားဥက္ကဌ ရာထူးကို ယူပါ့မယ်
အခု​တော့ "

"ဟုတ်ပါပြီ သားငယ်ရာ
အလုပ်က ဒုတိယ
သား​ခေတ်က ပထမ​ပေါ့ "

ဒယ်ဒီ​ပြော​တော့မှ ​ခေတ်ရှက်လိုက်တာ ။ ​မောင်က အမြဲတမ်းအဲ့လိုပါဆို အလုပ်နဲ့ ​ခေတ်ဆို ​ခေတ်က ပထမ ။ ဥက္ကဌ ရာထူးယူလိုက်ရင် အခုလို ​ခေတ်နားမှာ မကပ်နိုင်​တော့မှာဆိုးလို့တဲ့ ။

"မဟုတ်ပါဘူး ဒယ်ဒီ က အခုမှအလန်းကြီးရှိ​သေးတာ ဥက္ကဌ ရာထူး ဆက်လုပ်​စေချင်လို့ပါ "

"​ဟောင့် မင်းငါ့ဘက်လှည့်မလာနဲ့
ငါနားချင်​နေပြီ
ဥက္ကဌ ရာထူးမင်းကို လွှဲပြီးရင် ကမ္ဘာပတ်ပြီး golf ရိုက်မလို့ကွ
အဲ့ဒါ ငါ့အိမ်မက်ပဲ"

"ဒယ်ဒီ သားကို အခု ဥက္ကဌ ရာထူး​ပေးရင်​တော့ ဒယ်ဒီ့ကုမ္ပဏီ​ဒေဝါယီ ခံသွားရမှာဆိုးလို့ပါ "

Forever Together  (Completed)Where stories live. Discover now