부산으로 이동

1.3K 88 6
                                    

"သား...sukkieရေ...မြန်မြန်လုပ်..မေမေတို့သွားရတော့မယ်.."

Hyunsuk သိမ်းနေတဲ့ပစ္စည်းတို့ကိုလတ်စသတ်ကာ..အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...

"‌အပေါ်မှာသားသိမ်းခဲ့ပီ"
"ဟဲ့ ကလေးအောက်ယူခဲ့လေ"
"ဟုတ်ကဲ့ဟုတ်ကဲ့သွားယူလိုက်မယ်"

ပစ္စည်းတွေကို အောက်‌ချရင်းHyunsukတစ်‌ေယာက် မနက်စောစော လေ့ကျင့်ခန်းလုပ်နေရသည်..

"ဟူး..မောလိုက်တာ"
ချွေးစို့နေတဲ့နဖူးကိုသုတ်ပီး..နောက်ဆုံးတစ်ခုကို မလိုက်သည်..

"ပီးပီမေမေ.."
"မနက်စာလာစားသားလေး"
"Nae.."
ထမင်းစားခန်းကိုသွားပီးတော့ မေမေပြင်ပေးထားတဲ့မနက်စာကို စားလိုက်သည်..မနက်စာကတော့ Ramyeon

"မေမေဘယ်ချိန်လောက်ထွက်မှာလဲ.."
Hyunsukရှေ့မှာ‌ မနက်စာစားနေတဲ့မေမေ့ကို မေးခွန်းထုတ်လိုက်၏
"သားစားပီးရင်သွားမှာလေ"
"ဗျာ?"
"မေမေတို့ကပစ္စည်းတွေတောင်တင်ပီးပီ..သားပဲကျန်နေတာ"

Hyunsukမေမေကို ခေါင်းငြိမ့်ပြရင်း..မြန်မြန်ကုန်အောင်စားလိုက်သည်..

စားလို့ကုန်တော့မှ ပန်းကန်ကိုမေမေ့ပေးကာ အပေါ်ထပ်သို့တက်ခဲ့သည်...

ခနတာမျှခွဲနေရမဲ့ အိပ်ခန်းလေးကို တစ်ချက်ဝေ့ဝဲကြည့်မိပြန်၏..

iKon posterတွေနဲ့သူ့အခန်းလေးကိုခွဲကာ..ဖေဖေတာဝန်ကျရာဘူဆန်မြို့စီသို့သွားရောက်ရမည်...

Hyunsukဖေဖေကတရားသူကြီးပါ..အခုဘူဆန်တရားရုံးမှာ တရားသူကြီးချုပ်အနေနဲ့ ရာထူးတိုးပီးအပြောင်းကျလာသည်လေ

ဖေဖေတစ်ယောက်တည်းသွားတော့လဲ အဆင်မပြေ.. hyunsukကိုလဲ seoulမှာတစ်ယောက်တည်းထားခဲ့လို့မရ.. hyunsuk‌ေကျာင်းကလဲပညာသင်နှစ်တစ်ခုပီးဖို့ ၄လပဲလို‌ေတာ့‌ေပမဲ့မိဘ‌ေတွကတစ်‌ေယာက်တည်းထားခဲ့ဖို့ရာ စိတ်မချ...အဲ့တာနဲ့ မိသားစုတစ်ခုလုံးပြောင်းဖို့သာဆုံးဖြတ်လိုက်ကြသည်...

‌အတွေးစတို့ကို ဖြတ်ရင်းလမ်းမှာသံုးဖို့ အသုံးအဆောင်တွေထည့်ထားတဲ့လွယ်အိတ်ကိုယူရင်းအောက်သို့ထပ်ပီးဆင်းလိုက်သည်...

Written By Heart Où les histoires vivent. Découvrez maintenant