Arc - 2.6

2.9K 275 11
                                    

''မင်းကြီးနဲ့မယ်တော်ကြီးကိုဂါဝရပြုပါတယ်''

''ရိဟွား ရောက်လာပြီးလား''

''အင်''

''ရှောင်မင်းသားက ညီလာခံကိုနောက်ကျမှရောက်လာရတဲ့အကြောင်းရင်းလေး ဒီမယ်တော်ကြီးကိုမပြောပြချင်ဘူးလား''

အံကြိတ်သံနဲ့ပြောနေတဲ့မယ်တော်ကြီးက တကယ်ကိုဒေါသထွက်နေပုံ

''အာ ကျွန်တော်နောက်ကျသွားတာလား ဒီလိုပါ ကျွန်တော်ညီလာခံကိုလာရင်းနဲ့လမ်းမှာ ပန်းချီကားချပ်ကိုကောက်ရလို့ပိုင်ရှင်ကိုလိုက်ရှာရင်းနဲ့နောက်ကျသွားတာပါ''

''အဲတော့ မင်းသားကပန်ချီပိုင်ရှင်ကိုတွေ့လိုက်လား ''

''မတွေ့မိလိုက်ဘူး အဲတာကြောင့်မယ်တော်ကြီး ကိုဘဲ အကူညီတောင်းပါရစေ ဒီပန်ချီကားကို ပိုင်ရှင်မတွေ့ခင်အထိမယ်တော်ကြီးဆီမှာအပ်ခဲ့ပါရစေ''

''ကောင်းပြီး မုကုန်းကုန်း သွားယူလာခဲ့''

''ဟုတ်ကဲ့''

ရိဟွား သူလက်မှာကိုင်ထားတဲ့ပန်ချီကားကို  မုကုန်းကုန်းကိုပေးလိုက်သည်။ မယ်တော်ကြီးလဲ မုကုန်းကုန်းပေးလာတဲ့ ပန်ချီကားကိုဖွင့်ကြည့်လိုက်တော့

''ဒါ ဒါ ''

ရိဟွား သူပေးလာတဲ့ပန်ချီကားကို ဖွင့်ကြည့်နေတဲ့ မယ်တော်ကြီးရဲ့အပြုမူတစ်ခုခြင်းဆီကို သူလိုက်ကြည့်နေသည်။နောက်သူကြည့်နေရင်း မယ်တော်ကြီးရဲ့လက်တွေက ဖြေးဖြေးတုန်ရီလာပြီး မျက်လုံးထဲ့မှာလဲ
မယုံကြည်ခြင်းနဲ့အကြောက်တရားတွေပါဝင်နေတာကိုသူတွေ့ရသည်။ 

''မင်း မင်းသား ဒီပန်ချီကားကိုဘယ်ကနေရလာတာလဲ''

<<<<<<

ရိဟွား ညီလာခံကိုလာတဲ့လမ်းတစ်လျောက် ဂူးဂူးနဲ့စိတ်ထဲကနေ စကားပြောရင်း ကျောက်လုံရဲ့ခြေသံနားထောင်ကား လျှောက်လာလိုက်သည် ။

'ဂူးဂူး ငါ့အထင် အရင်မိဖုရားခေါင်ကြီးလည် အရင်ရိဟွားလိုမျိုးလုပ်ကြံခံရတာဖြစ်မယ်'

'ဘာလို့'

'မင်းစဥ်းစားကြည့်လေ အရင်မိဖုရာကြီးက မယ်တော်ကြီးကိုအာဏာအတွက် မကျေနပ်လို့ရှိရင် ဘာလို့
လျူချင်းကိုသတ်မှာလဲ ထီးနန်းရဖို့အတွက်ပိုနီးစပ်တဲ့ လျူချန်ကောကိုသတ်မှာပေါ့ ၊တကယ်လို အာဏာမဟုတ်ဘဲ အချစ်အတွက်ဆိုရင်တော့ လျူချင်းတောင်မွေးမှီာမဟုတ်ဘူး '

System ဂူးဂူး (ongoing) Where stories live. Discover now