system space

9.8K 410 18
                                    

ကြင်ယာတော် တစ်ယောက် မျက်လုံးဖွင်လိုက်တော့ သူတွေ့ရသည်က အဆုံးမရှိတဲ့အဖြူရောင်လွင်ပြင်ကြီးရဲ့လေဟာနယ်ထဲမှာ
သူရယ်၊သူထိုင်နေတဲ့ကုတင်ကြီးရယ်

[ Host မင်္ဂလာပါ ဂလဲ့စားချေခြင်း system
မှကြိုဆိုပါတယ်]

ကြင်ယာတော် သူဆွေးနေတုန်အသံကြားလို့လိုက်ရှာကြည့်တော့ ဘာမှမတွေ့

[ Host အောက်မှာပါ ]

သူအောက်ကိုငုံ့ကြည်လိုက်တော့ တွေ့ပါပြီ ကြောင်ဖြူဖြူလေးတစ်ကောင် ၊ ခုဏကသူ မတွေ့တာလည်းမဆန်းပါဘူး ၊အဖြူရောင်နယ်မြေမှာအဖြူရောင်ကြောင်လုံးလေး

[ Host မင်္ဂလာပါ ]

"အင်"

[ Host မေးစရာမရှိဘူးလား]

"ငါဘာမေးမှာသိသိကြီးနဲ့ အပိုလုပ်ပြီးလာမေးမနေနဲ့''

[ အဲ့တာဆိုလဲမပြောပြတော့ဘူး]

ကြင်ယာတော် တစ်ယောက် သူကိုမေးခွန်းမမေးလို့စိတ်ကောက်သွားတဲ့systemဆိုတဲ့ကြောင်လေးကို့ကြည့်ပြီးစိတ်လေသွားရသည်၊ ထားပါလေသူဘဲအလျော့ပေးလိုက်တော့မယ်

"အဟမ်း ဒါကဘယ်နေရာလဲ၊ငါကသေသွားပြီးမလား"

အဲတော့မှ အပြုံးလေးနဲ့စကားပြန်ပြောလာတဲ့ကြောင်စုတ်က ရိုက်သတ်ချင်စရာ

[ Host အခုရောက်နေတာကတော့ ဂလဲ့စားချေခြင်း system space မှာပါ ၊ host ကသေသွားပါပြီး၊ ဒါပေမဲ့ ကျွန်တော်တို့က ဒုတိယအခွင်ရေးအနေနဲ့ host ကိုဂလဲ့စားချေခွင့်ပေးမှာပါဘယ်လိုစိတ်ဝင်စားသွားပြီလား]

"စိတ်မဝင်စားဘူး"

[ ဟု အယ်ဟုတ်ဘူးလေ host ကလဲ့စားမချေတော့ဘူးလား ၊ host ကိုခံစာရအောင်လုပ်တဲ့သူတွေကိုလေ]

"မ​ချေပါဘူး"

[ ဘာလို့]

"သူတို့ဟာသူတို့ဖူးစာပါလို့ညားကျတာဘဲ ငါကဘာလို့ဂလဲ့စားချေရမှာလဲ"

[အော...မေတ္တာရှင်ကြီရယ် အဲတာကို ဖူးစာလို့​ခေါ်တာ မဟုတ်ဘူး၊ host ချစ်သူက host ကိုသစ္စာဖောက်ပြီး၊ host သူငယ်ချင်းနဲ့ဖောက်ပြန်နေတာက ခြံခုန်နွားနဲ့စနိုက်ကျော်တာလို့ခေါ်တာ]

System ဂူးဂူး (ongoing) Where stories live. Discover now