Arc - 1.7

3.5K 291 1
                                    

ညနေ ၄ နာရီရောက်တော့ နေရောင် ပြန်ရောက်လာသည် အိမ်ထဲဝင်လိုက်ပြီးကလေးကိုရှာကြည့်တော့မတွေ့ ဘယ်သွားတာလဲအခန်းထဲမှာလား

''နှင်းယု နှင်းယု ''

''ရှင့် သခင်လေး ''

''လရောင်ရော''

''အစ်ကိုလေးလရောင်ကအခန်းထဲမှာပါ အောက်ထပ်ကိုပြန်မဆင်းလာသေးပါဘူး''

''အင်း ရပြီးသွားတော့''

''ဟုတ်ကဲ့''

နှင်းယုထွက်သွားတာနဲ့အပေါ်ထက်ကလေး အခန်းဆီလာလိုက်သည် ။ အခန်းတံခါးဖွင့်ကြည့်လိုက်တော့ ကလေးကကုတင်ပေါ်မှာအပစ်ကင်းစွာအိပ်ပျော်နေတယ်။သူလဲကုတင်ပေါ်တက်ထိုင်လိုက်သည်။ ပြီးနောက်

ကလေးရဲ့နှာဖူးပေါ်ကဆံနွယ်တွေကိုသပ်တင်ပေးလိုက်ပြီး

''အရမ်းချစ်တယ် ကလေး''

သူ့တကိုယ်ကြားယုံလေး ပြောပြီး ကလေးရဲ့ နှာဖူးပြင်ကိုဖွဖွလေးနမ်းလိုက်တယ် ။ ပြီးနောက်သူအခန်းဆီပြန်သွာလိုက်သည်။

ထိုအချင်းရာကိုကြည်နေတဲ့ဂူးဂူးကတော့ပါးစပ်ယင်ကောင်ဝင်ဥမတက်
ဒါဆိုဇာတ်လိုက်ကွေးနေတာပေါ့ ဇာတ်လိုက်
က host ကိုဂရုစိုက်တာမထူးဆန်တော့ပါဘူး

နေရောင် သူ့အခန်းထဲရောက်တော့ ခါး​ကြား ထဲမှာထည့်ထားတဲ့ဓားကိုထုတ် ကုတင် နားသွားပြီးခေါင်းအုံးအောက်မှာထည့်ထားလိုက်သည် ။ နောက်လန်းဆန်းသွားအောင်ရေနွေးလေးနဲ့ရေစိမ်နေ လိုက်သည် ။

တစ်ဖက်မှာတော့

'host ဇာတ်လိုက်ပြန်ရောက်နေပါပြီး'

'.......'

'host!'

'.......'

' host! ! ! '

'ဟင်း....... ဘာလဲဂူးဂူးရား.....''

'ဇာတ်လိုက်ပြန်ရောက်နေပြီး ထတော့ နာရီကိုလဲ​ကည့်အုံး ဒီအချိန်အိပ်တဲ့အချိန်လား......တကယ်ဘဲပြောနေရတယ် host က..host ဘာ... ဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲ ဟင်း ဂူးဂူးကိုပြော ဂူးဂူးသွားကုတ်ပေးမယ်'

'ဟင့်.....ဝါးးး...... ဗြဲ......ဂူးဂူးဟင့် ....... ဗြဲ........ဂူးဂူး.........အီ.............. ဗြဲ'

System ဂူးဂူး (ongoing) Where stories live. Discover now