Arc - 1.8

3.5K 291 5
                                    

နောက်တစ်နေ့မနက် သူနိုးလာတော့ ပထမဆုံး မြင်လိုက်ရသည်က နေရောင်ရဲ့မျက်နှာ
ကြောင့်သူလန့်သွားသည် ။နောက်မှ

အာ...... ညက သူကိုကို ကိုစိတ်မချလို့ပြန်လာကြည့်တာ သူထင်တဲ့အတိုင်းဘဲ ကိုကိုကဒဏ်ရာအရှိန်ကြောင့်ဖျားနေပြီးလေ သူလည်ကိုကို ကိုရေပတ်တွေတိုက်ပေး ဒဏ်ရာကိုလဲ ဆေးလေးဖွဖွလေးလူးပေးနေပြီး ထိုင်စောင့်နေရတယ် မစောင့်လို့လဲမရ​​​လေ ဒဏ်ရာကကျောဘက်မှာဆို​​ေတာ့ ကိုကိုကဘေးတစောင်းဘဲအိပ်ရတာ ပလပ်လန်လဲကျရင် ဒဏ်ရာကနာသွားမှာ

သူလဲမိုးလင်းခါနီိးမှဆိုဖာ.... ဆိုဖာ ဆိုမှသူကဘယ်လိုလုပ် ကုတင်ပေါ်ရောက်နေတာလဲ
ကိုကို ပွေ့ချီလာတာလာ မဖြစ်နိုင်ပါဘူး ကိုကိုမှနေမကောင်းတာ ? ငါအိပ်မက်ယောင်ပြီးတက်လာတာဖြစ်မယ်

''နိုးပြီးလား ကလေးငယ်''

''ဟင်....ဟု......,ကိုကို''

''ဗျာ''

အိပ်ရာနိုးခါစ သြရှရှအသံနဲ ဗျာ လို့ထူးလာတဲ့ ကိုကိုကြောင့် သူမှာဘာလို့မှန်းမသိရှက်စိတ်ဝင်လာသည်

''ဟောဗျာခေါ်ပြီးဘာမှလဲ မပြောပါလာကလေးငယ်က''

နေရောင် သူ့ရဲ့ကိုယ်ကိုကလေးဘက်ဘေးတစောင်းလှည့်ကာ လက်တစ်ဖက်ကို ခေါင်းမှာထောက်ပြီး က​လေးငယ်ကိုမေးလိုက်သည်

''ဟိုလေ ကိုကို ကိုယ်ပူနေသေးလား''

''ငယ် သိချင်စမ်းကြည့်ပေါ့''

နေရောင်ပြောလည်းပြောသူ၏ခေါင်းကိုကလေးဘက်တိုးပေးလိုက်သည် ။

လရောင်လဲ ကိုကိုမျက်နှာကသူ့ဆီတိုးလာတော့ နှာဖူးလေးကိုအသာစမ်းပြီး

'' အင် ကိုယ်ကတော့သိပ်မပူတော့ဘူး ၊ဒါပေမဲ့ ကိုကို ကျောင်းမတက်နဲ့အုံးနော် အလုပ်လဲမသွားနဲ့အုံးကြားလား ကလေးနောက်ပြီးကျရင်း ဆန်ပြုတ်နဲ့ဆေး ယူလာပေးမယ် အခုတော့မျက်နှာသစ်ဖို့ထတော့ ကလေးကအခန်းထဲပြန်တော့မယ် ဒါနဲ့ထလို့နိုင်လာ မနိုင်ရင်ကလေးရေဇလုံယူလာပေးမယ်မျက်နှာသစ်ဖို့ ''

''ရတယ် ကိုကို ထ နိုင်တယ်''

''အင် ဒါဆိုကလေးသွားပြီးနော်''

System ဂူးဂူး (ongoing) Where stories live. Discover now