Appellant (5)

51 7 0
                                    

တီတီ!.....တီတီ!....တီတီ!....

ခေါင်းရင်းမှ နိုးစက်သံကြောင့် Yifanနိုးလာသည်။
နာရီကိုကြည့်လိုက်တော့ 7နာရီ!!

"Shit!!!သေစမ်း၊ 7နာရီတောင်ရှိသွားပြီလား"

ပုံမှန်ဆို နိုးစက်က 5နာရီမြည်ရမှာလေ!

သွားပြီ!!!Wu Yifanရေ မင်းတော့... hyungက ဒီလောက် နားလည်ပေးနေတာကို အလုပ်ချိန်ကိုမလေးစားဘူး၊

တီ...!တီ...!တီ...!

"ဟယ်လို......hyung!! မီယန်းနဲ
ကျွန်တော်အိပ်ပျော်သွားလို့"

"ရတယ်Yifan၊  ကျောင်းကိုပဲတန်းသွားလိုက်တော့နော်၊
ဟိုငမွှေထိုးလက်ချက်ဆိုတာ hyungသိတယ်၊
အဲဒီကောင်စုတ်လေးကတော့ သေချာဆုံးမမှရတော့မယ်"

"သူ့အပြစ်ရယ်လို့မဟုတ်ပါဘူး၊ ဒီတိုင်းကျွန်တော်အိပ်ယာဝင်နောက်ကျသွားလို့ပါhyung!
သူက ကလေးစိတ်ပဲရှိသေးတာ သူ့ကိုမဆူပါနဲ့နော်hyung!"

"အေးပါ..မင်းတို့ပဲတတ်နိုင်တယ်၊တစ်ယောက်နဲ့တစ်ယောက်အဲ့လိုကာပြောပေးနေကြ၊
ငါကတော့ကြားထဲကလူဆိုးကြီးပေါ့"

"ဟာ... hyungကဒီလောက်ချောတာ ဘယ်လိုလုပ်လူဆိုးကြီးဖြစ်မှာလဲ၊ဖြစ်မယ့်ဖြစ် မင်းသားလေးပဲဖြစ်မှာပေါ့"

"အေးပါကွာ..မင်းမြှောက်တာနဲ့ ငါ‌ကောင်းကင်‌ပေါ်တက်တော့မယ်....ဟား...ဟား....

အော်...ဒါနဲ့မင်းကောင်လေးရောနိုးပြီလား"

" hyungဘယ်လိုသိ!!

အဟမ်း!......သူကကျွန်တော့်အိမ်မှာဘာလုပ်လို့အိပ်မှာလဲ၊
ညကတည်းက ကျွန်တော်ကိုလိုက်ပို့ပြီး တန်းပြန်သွားတာ"

"အာ...ဟုတ်လား? hyungက မင်းတို့များညက တစ်ခုခုဖြစ်ကြသလားလို့"

" Hyung!!!!!ဘာတွေလာပြောနေတာလဲ!!
တော်ပြီ!ဒါပဲ..ဖုန်းချလိုက်တော့မယ်"

hyungဆက်မပြောနိုင်အောင် ဖုန်းကိုမြန်မြန်ချလိုက်ပေမယ့် Yifan နားရွက်တွေကတော့အနီရောင်သန်းနေပြီဖြစ်သည်။

ညတုန်းကအခြေ‌အနေကိုပြန်တွေးကြည့်တော့ Yifanတစ်ကိုယ်လုံးအငွေ့ပျံတော့မယောင်၊

ညတုန်းက ရဲစခန်းကပြန်တော့
လူမှန်းမသိအောင်မူးနေတဲ့Beakhyun နှင့် Yifan တို့ကို့ ဟိုအရိုင်းအစိုင်းနှာဘူးကောင်ကလိုက်ပို့သည်လေ၊

AppellantΌπου ζουν οι ιστορίες. Ανακάλυψε τώρα