Appellant (1)

117 8 1
                                    


အရပ်ရှစ်မျက်နှာတစ်ခွင် မိုးများအုံ့မှိုင်းလျက်

လူငယ်လေးတစ်ယောက်ကတော့အထုပ်အပိုးများနဲ့
အနည်းငယ်စုတ်ပြတ်   အဟမ်းး
အိုဟောင်းနေသောအိမ်တစ်အိမ်ရှေ့တွင်
 
"ဟင်းးးး  ဒါကငါနေရမဲ့အိမ်ပေါ့ "

"အင်းပေါ့လေ ဒီလောက်ပိုက်ဆံနဲ့ဒီလိုနေရာမျိုးဘဲ
  ရမှာပေါ့ "

ကိုယ့်ဘာသာဖြေသိမ့်ရင်း အိမ်ထဲဝင်လိုက်သည်။မကြာခင် မိုးရွာတော့မည်လေ။

အိမ်အတွင်းပိုင်းတွင်တော့ ထင်သလောက်
စုတ်ပြတ်မနေပါ။ အရင်အိမ်ရှင်တွေကိုကျေးဇူးတင်ရမည်။
အတော်အသင့်တော့ ပြုပြင်ရှင်းလင်းပေးထားသည်ပဲ။ကျွန်တော့်ဘာသာဆို ပြုပြင်နိုင်မည်မဟုတ်။

အထက်တန်းအောင်ပြီးတက္ကသိုလ်ဆက်တက်ရန်
နယ်မှအိမ်လေးကိုရောင်း၍ဆိုးလ်သို့‌ပြောင်းလာသော
Yifan ၊ လက်ထဲတွင် ဆင်းရဲသားရပ်ကွက်လမ်းကြားထဲမှ ဒီအိမ်စုတ်လေးတစ်လုံးဝယ်ပြီးနောက်
တစ်ရက်နှစ်ရက်စာထမင်းဖိုးလောက်ရုံသာရှိသည်လေ။

ဖုန်အနည်းငယ်ကိုလှည်းကျင်းပြီး ပစ္စည်းများ
နေရာချလိုက်သည်။
အိပ်ခန်းကအတော်ကိုကျဉ်းပေမယ့်Yifanတစ်ယောက်တော့နေသာပါသည်။

"အာ   မိုးကျလာပြီပဲ၊  ပဲခေါက်ဆွဲဖြစ်ဖြစ် သွားစားမလို့ကို "

မိုးရွာတာကတစ်ကြောင်း၊ခရီးပန်းလာတာကတစ်ကြောင်းကြောင့်
တဂွီဂွီမြည်နေတဲ့ဗိုက်ကိုလျစ်လျူရှု၍
ကြမ်းခင်းပေါ်တွင်သာထိုးအိပ်လိုက်တော့သည်။

တီတီ!တီတီ!တီတီ!

" ဟယ်လို၊ အော် အင်း မနက်ကတည်းကရောက်တာ beakhyun ရ "

"အင်းပါ၊ အခုလာခဲ့ပါမယ်ကွာ မင်းကလည်း"

beakhyunတို့မိသားစုက နယ်မှာ အိမ်ချင်းကပ်ရက်၊  မိဘတွေမရှိတော့တဲ့ Yifanကို beakhyunတို့မိသားစုကဘဲ
ကူညီဖေးမ စောင့်ရှောက်ပေးခဲ့တာ။

အခုလည်း ဆိုးလ်ကbeakhyunတို့အဖွားအိမ်မှာ
နေခွင့်‌ပေးပေမယ့်၊ အားနာတာကြောင့်
ဒီအိမ်စုတ်လေးဝယ်လိုက်ခြင်း။

beakhyunကဆိုးလ်မှာကျောင်းတက်ပြီး
အထက်တန်းအောင်တာဆိုတော့ အစစ ၊အရာရာ
သူ့ပဲအားကိုးရမှာပေါ့။

AppellantWhere stories live. Discover now