Appellant (2)

62 8 1
                                    

ကျောင်းကိုbeakhyunကားနဲ့ဘဲအတူလာခဲ့လိုက်သည်။ဆိုးလ်တက္ကသိုလ်တွင်ပထမဆုံးကျောင်းတက်ရမည်မို့
နည်းနည်းတော့စိတ်လှုပ်ရှားပါသည်။

beakhyun ကIT‌မေဂျာယူပြီးYifanကတော့
Electronics မေဂျာယူဖြစ်သည်။

ပုံမှန်ဆိုEngineeringမေဂျာက ကုန်ကျစရိတ်များပေမယ့် scholarရကျောင်းသားမို့ စိတ်ပူစရာ‌မလိုပေ။
ဒါ့အပြင်  အရင်ကတည်းကစိတ်ဝင်စားသော
ဘာသာရပ်မို့ မရရအောင်တက်ခြင်း။

beakhyunနှင့်အဆောင်ရှာနေရင်းတစ်နေရာ
အရောက်တွင် ဝိုင်းအုံဖွဲ့နေသည့်လူအုပ်တစ်အုပ်။

ရန်ဖြစ်နေတာကိုဝင်မဆွဲဘဲ ဝိုင်းကြည့်နေကြခြင်းဖြစ်ပုံရသည်။

"Yifan...ငါတို့လည်းသွားကြည့်ရအောင်"

beakhyunအ‌ပြောကို ပုံမှန်ဆိုငြင်းမည်မှန်ပေမယ့်
လူအုပ်အလယ်မှ နားရွက်ကားကားလေးကို
ရင်းနှီးသလိုရှိသောကြောင့် လက်ခံလိုက်သည်။

တစ်ချို့တီးတိုးပြောသံများအရ နှစ်ဖက်ရန်ဖြစ်နေတာ မဟုတ်ဘဲ တစ်ဖက်ကသာရန်ရှာနေခြင်း။

ခွပ်!!  ခွပ်!!

"ဟျောင့်! ပြောစမ်း!
မင်းငါ့ကိုတမင်ဝင်တိုက်တာမို့လား"

ခွပ်!!

" ဟျောင့်!မေးနေတာဖြေလေကွာ အနေတာလား "

"............."

"ဘာလဲ ငါ့ကိုစောက်ဂရုမစိုက်ဘူးဆိုတဲ့သဘောလား"

"မ..ဟုတ်..ပါ..ဘူး၊ တ.ကယ်...မ..တော်..တ..ဆ....."

"ဒီလောက်လမ်းအကျယ်ကြီးကို  မတော်တဆ တိုက်မိတာဆိုတော့ မင်းစောက်လုံး
ကန်းနေတာများလား"

Yifan ထိုအသံနှင့်စကားလုံးကြမ်းကြမ်းတို့ ကြားပြီး နည်းနည်းတော့ကြောင်သွားသည်။ထို‌နေ့ကYifanအား chanyeolဆို‌သော ကောင်လေး‌‌ ပြောသွားသည်နှင့်တစ်ထပ်တည်း။

လူကြားထဲအတင်းတိုးပြီး ကြည့်မိသည်။အဝေးမှပင်မြင်ရသော နားရွက်ကားကားလေးမှာ
အမှန်ပင် ထိုအရိုင်းအစိုင်းကောင်လေး။

"အာ....chanyeol hyungပဲ"

ဘေးမှbeakhyunရဲ့အသံဖြစ်သည်။

"hyunieနဲ့ အသိလား"

AppellantWhere stories live. Discover now