" ကြိုဆိုပါတယ် "
ဆိုင်တံခါးဖွင့်သံကြား၍Yifanနှုတ်ဆက်လိုက်သည်။
မြင်လိုက်ရတာကတော့ စပ်ဖြီးဖြီးလုပ်နေသည့် beakhyun၊
"ဘာလာလုပ်တာလဲ"
" ပျင်းလို့လေ....."
"ပျင်းလို့လာရှုပ်တာပေါ့.......ဟုတ်လား"
Yifan ရီကြဲကြဲနှင့်နောက်လိုက်တော့ နှုတ်ခမ်းကို တစ်တောင်လောက်ထော်လိုက်သည့်beakhyun၊
"လာမရှုပ်ပါဘူး အလုပ်လုပ်ကူမှာပေါ့....."
"အင်းပါ အင်းပါ အဲ့နှုတ်ခမ်းကြီးမထော်ထားနဲ့တော့"
ထိုအခါမှပြုံးဖြီးသွားသည့် စိန်ထော်ထော်လေး၊
နောက်ခါလူကြားထဲရောက်မှစိန်ထော်ထော်လို့ကိုခေါ်ပစ်ဦးမယ်လို့သာ ကြိမ်းထားလိုက်သည်။
ကျောင်းပိတ်ရက်မို့အမောင်beakhyunတို့ ဆိုင်တွင်တစ်ရက်လုံး သောင်တင်နေသည်။
ဒါ့အပြင်ထူးထူးခြားခြား ဘာပြသနာမှမရှာဘဲ အလုပ်လုပ်ကူနေသည်၊
'အိုမို ထူးဆန်းပါဘိ'
" ငဘတ်"
"ဗျာ.."
"မင်းမဟုတ်တာတစ်ခုခု ကြိတ်ကြံနေတာလား"
Suho hyung မှပြောလိုက်ခြင်းဖြစ်သည်။
"အာ....မဟုတ်တာ hyungကလည်း သူ့ဆိုင်မှာလည်းလာကူရသေး လူကိုများမယုံသင်ကာနဲ့"
"အင်းပါ ယုံပါတယ် ပြသနာမရှာနဲ့နော်"
" စိတ်ချလိုက်စမ်းပါဗျ"
ညရောက်လို့ဆိုင်သိမ်းတော့ 9နာရီပင်ရှိပြီဖြစ်သည်။
"ကလေးတွေ ကောင်းကောင်းပြန်ကြနော်"
"ဟုတ် hyung "
beakhyunရဲ့ပုံစံက တစ်ခုခုတော့လွဲနေသလိုလို၊
သူဘယ်တုန်းက ဒီလောက်လိမ္မာသွားတာလဲဟ၊အတွေးလွန်နေတုန်းကားရပ်သွား၍ဆင်းမည်အလုပ်၊
"ဟင်.... beakhyun! အိမ်မပြန်ဘဲ ဘယ်ကိုခေါ်လာတာလဲ "
"ဟီး....clubကိုလေ"
"မင်း!....အဲ့ဒါကြောင့်မို့တစ်နေ့လုံးငြိမ်နေတယ်မှတ်တာ
လတ်စသပ်တော့ မင်းကအကြံနဲ့ကိုး"
YOU ARE READING
Appellant
Fanfictionငါမင်းနဲ့ပြသနာမဖြစ်ချင်ဘူး။မင်းမကျေနပ်တာတွေ ရှိရင်လည်း ငါကတောင်းပန်တာမို့ကျေနပ်ပါတော့။ #wuyifan ငါ့ရှေ့မှာအဲ့လိုစောက်ရမ်းစိတ်ထားကောင်းတဲ့ပုံစံမျိုး လာလုပ်ပြမနေနဲ့..................... အဲ့တာကြောင့်မို့ကို ငါကကြ...