Unicode
ပြင်းထန်လွန်းတဲ့ လေအရှိန်နဲ့ သည်းထန်စွာရွာသွန်း
နေတဲ့ မိုးစက်တွေဟာ နူးညံ့လွန်းတဲ့ ပင်လယ်ပြာရဲ့အလှကို သရုပ်ပျက်စေတာတော့အမှန်ပင်.......။.
အရင်လိုမနူးညံ့နိုင်တော့ပေမယ့်လည်း အရိုင်းဆန်စွာတော့ လှနေဆဲပါပဲ တိမ်မဲတွေအုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်။
ပုံမှန်ထက်ပိုကြီးလွန်းနေတဲ့ လှိုင်းလုံးတွေရယ်။
ဒါပေမယ့်
ပင်လယ်ကြီးကတော့ ပြာလွင်နေဆဲပဲ။
ပြီးတော့ ထူထပ်နေတဲ့ လူတွေအစား လူသားတစ်ဦးနဲ့ အဲ့လူသားရဲ့ အသည်းအသက်လေးရယ်ပေါ့။'One.....မပြေးနဲ့လေ.....ပြန်လာခဲ့.....One......'
ကောင်လေးက သူခေါ်တာကိုလှည့်မကြည့်ဘဲပြေးနေတဲ့ သူ့ရဲ့ကြောင်လေးကိုလိုက်ဖမ်းနေသည်။
အေးလေ ဘယ်လိုအရူးကမှ ကိုယ်ချစ်ရတဲ့ကြောင်လေးကို ဒီလို အရမ်းသည်းနေတဲ့ မိုးရေထဲ ထွက်သွားစေချင်မှာလဲ။'One...............'
ဒီအပြေးသန်ပြီး ခေါင်းမာလွန်းတဲ့ကြောင်လေးကို ဘယ်လိုလုပ်ရပါ့။
ကြောင်လေးရဲ့လည်ပင်းကိုချည်ထားပြီး သူလက်ကကိုင်ထားတဲ့ မာဖလာအဖြူလေးကတော့ တဖြည်းဖြည်း လက်ထဲက ထွက်ပြေးဖို့ပြင်နေပါပြီရော။
ကြောင်လေးတစ်ကောင်က ဘာကြောင့်အပြေးမြန်ရတာပါလိမ့်။
'One....မင်းခေါင်းမာတာသိပေမယ့် ဒီလိုအချိန်မှာတော့မဟုတ်ဘူးလေကွာ.....'
လိုက်ရင်းလိုက်ရင်း ဒေါသလေးတစ်ချက်ထွက်လိုက်မိတော့ အင်း...စိတ်လေး မထိန်းနိုင်ဖြစ်သွားတယ်ပြောရမလား။
ရှေ့က ခဲလုံးကြီးကို မမြင်နိုင်တော့ဘဲ ခလုတ်တိုက်မိတော့တာပေါ့။'ဟာ.....One.....မသွားနဲ့....အဲ့ကိုမသွား.....'
'ဟင်............'
'One.....One.......'
ဦးတည်ချက်မရှိပြေးနေတဲ့ကြောင်လေးဟာ အန္တရယ်ကို မရှောင်တိမ်းတတ်ခဲ့တော့ အထိန်းအကွပ်မဲ့နေတဲ့ မာဖလာအဖြူလေးနဲ့အတူ လှိုင်းလုံးတို့ခေါ်ဆောင်ရာသို့ လိုက်ပါသွားလေရဲ့။
ကောင်လေးကတော့ မသိရှာတော့ဘူး....သူခန ပင်ပန်းသွားပြီမို့လို့လေ။
YOU ARE READING
-ဆု-|Prize|/JAY AND JUNGWON/ [complete]
FanfictionIt's like being filled with longing I don't want to destroy it again after longing Sometimes I'm too afraid of rewards I still value it so much because I'm afraid it will be lost. -THE JAYWON STORY- Artist- @AwAw88888 မတောင့်တပဲပြည့်၀ခဲ့ရသလိုမျိုး တ...