Part 29 (Uni+Zawgyi)

Start from the beginning
                                    

"ရပါတယ် သား​ခေတ်​လေး
စိတ်​အေး​အေးထားပြီး ခွဲစိတ်မှုကို အ​ကောင်းဆုံးလုပ်ခဲ့
ကျန်တဲ့ ကိစ္စ ဆရာမကြီး အားလုံးစီစဥ်​ပေးမယ် "

"ဟုတ်ကဲ့ ပါ ဗျ"

​ခေတ် စိတ်လှုပ်ရှားစွာ မာမီနဲ့အတူ အိမ်ပြန်လာခဲ့သည်။ ခွဲစိတ်မှုက ၂ပတ်​လောက်ကြာမှာဆို​တော့ မာမီက သူ့အတွင်းမှူးကိုပါ​ခေါ်ခဲ့ဖို့ ဆုံးဖြတ် လိုက်သည်။ မာမီနဲ့ ဘန်​ကောက်သွားဖို့ အစီအ
စဥ်ဆွဲ​နေရင်း ​မောင့်ကို message ပို့လိုက်၏။

​📩မောင် ​ခေတ်မာမီ့ ဆီမှာ အပြန်ဝင်​​ခေါ်​ပေး

"မာမီ ​ ​ခေတ်တို့ ရွေဘုန်းကို ဘယ်လို​ပြောကြမလဲ"

"စိတ်မပူနဲ့သား​ခေတ်​လေး မာမီ အားလုံးစီစဥ်မယ်
မာမီ့မှာ အကြံရှိတယ် "

မာမီနဲ့ အားတတ်သ​ရော စီစဥ်​နေစဥ်​မောင်​ရောက်လာ​တော့ ၂​ယောက်သားစကားလမ်း​ကြောင်းလွှဲကာ ။

"သား​ငယ်​လေး ညစာစားပြီးမှပြန်
သားကို မာမီ ​ပြောစရာရှိတယ် "

"ဟုတ်မာမီ "

"မာမီ medical check up လုပ်ဖို့ ဘန်​ကောက်ကို သွားရမှာ
သား​ခေတ်​လေး​ခေါ်သွားမလို့ "

"ရတယ်​လေ သားလည်းလိုက်မယ် "

"မာမီက ၂ပတ်​လောက်ကြာမှာ သားအလုပ်ကထားခဲ့လို့ရလား "

​ခေတ်က သားအမိ ၂​ယောက်​ပြောတာကို ဘာမှဝင်မ​ပြောဘဲ​နား​ထောင်​​နေလိုက်သည်။ တကယ်က ​ရွှေဘုန်းအလုပ်ကို အကြာကြီးထားခဲ့လို့မရပါ။ ​ခေတ်ကိုလည်းတစ်​ယောက်ထဲမထည့်​ပေးချင် ။ ကိုယ့်မိဘ ဆို​တော့လည်း ​ကိုယ်မလိုက်နိုင်​ပေမယ့် ခေတ်​လေးလိုက်​ပေးမှာကိုပဲကျေးဇူးတင်ရအုန်းမည်။

​"ခေတ်​လေးက လိုက်ဖို့အဆင်​ပြေလား "

​"ပြေတယ်​လေ ​မောင်ရဲ့ ကိုယ်မာမီ ပဲကို "

"ဒါဆို ဟိုမှာ ​နေဖို့ သားအားလုံးစီစဥ်​ပေးထားမယ်မာမီ
ဘယ်​နေ့သွားမှာလည်း "

"သဘက်ခါ သားငယ်​လေး "

မောင်နဲ့ မာမီတို့ဆီမှာ ညစာ စားပြီး ​ခေတ်တို့အိမ်ကို ပြန်လာခဲ့ကြသည်။

Forever Together  (Completed)Where stories live. Discover now