Part 29 (Uni+Zawgyi)

Start from the beginning
                                    

​"မောင် !!"

​"ပြော​လေ ​ခေတ်​လေး "

"ဒီ​နေ့ ​ခေတ် ​မောင်နဲ့မလိုက်​တော့ဘူး "

"ဘာလို့လဲ"

"မာမီ့ဆီဝင်စရာရှိလို့ "

​ခေတ် လက်ထပ်ပြီးထဲက ​မောင်က ကိုယ်တိုင် ကားမ​မောင်းခိုင်း​တော့ဘဲ သူနဲ့ ပဲ သွားခိုင်းသည်။ မနက်ကို ​မောင်အလုပ်သွားရင် ​ခေတ်ကို ဆိုင် မှာ ပို့​ပေးခဲ့သည်။ ည​နေ သူအလုပ်ဆင်းရင်ပြန်လာကြို​ပေးသည်။ ​နေ့ခင်းဘက် အလုပ်အားရင် ​ခေတ်နဲ့အတူ ​နေ့လည်စာ လာစားတတ်သည်။

"Sunday မှသွား​ မောင်လိုက်ပို့မယ် "

​"မောင်ကလည်း ....."

"သွားသွား ..သ​ဘောပဲ "

​မောင်က​ပြောကာ ကိုစည်သူ ဖွင့်​ပေးထားတဲ့ကား​နောက်ခန်းထဲဝင်ပြီး ​ခေတ်ကို​တောင်ပြန်လှည့်မကြည့်​တော့ ။ စိတ်ဆိုးသွားပြန်တာ ။ အရင်ကဆို အလုပ်မသွားခင် အား​ဆေးဆိုပြီးအနမ်း​ပေးရ​သေးသည်။ အခု​တော့ ....

​ခေတ်က ဒီ​နေ့ OG နဲ့ ချိန်းထားတာ မာမီနဲ့ သွားမလို့ ။ ​ခေတ်ကို ​ဆေးစစ်ချက်​တွေ တစ်လ တစ်ကြိမ်လုပ်ရ၏။ ​ဆေးစစ်တဲ့ result ​ကောင်းတာနဲ့ ဘန်​ကောက်မှာ သားအိမ်ထည့်တာ လုပ်ရမှာ ။ ဘန်​ကောက်မှာ ခွဲစိတ်ဖို့လည်း သူပဲအားလုံးလုပ်​ပေးတာ ။ ဒီ​နေ့ ပြန်ပြရမယ့်​နေ့ဆို​တော့ မာမီဆီဝင်ပြီး အတူတူသွားကြမှာ ။

မာမီက​တော့ ​ခေတ်ကို အရင်ကထက်​တောင်ပိုပြီးဂရုစိုက်၏။ ​မောင်အတွက် ရင်​သွေး​လေး ​မွေး​ပေးမယ်ဆို​တော့ မာမီက မျက်ရည်​တွေကျပြီး ​ကျေးဇူး​တွေတင်​နေတာ ။ ​ခေတ်အတွက် လည်း အ​ကောင်းဆုံးဆိုတာ​တွေပဲလုပ်​ပေးတာ ။ သူသား​လေးကအတွက် ​ပါရမီဖြည့်ဖက်​ကောင်း​လေးလို့လည်း အမြဲချီးကျူး​သေးတာ ။

~~~~~~~~~~~~~~

"ထား​ရေ result ​တွေ အားလုံးအဆင်​ပြေတယ်
မင်း သားကို​ခေါ်ပြီးဒီအပတ်ထဲ
ဘန်​ကောက်သွားလိုက်​တော့
ငါ ဟိုက ​ဆေးရုံကို အားလုံး join ထားလိုက်မယ် "

​"ကျေးဇူးပါ သူငယ်ချင်းရယ် "

​"ကျေးဇူးပါ ဆရာမကြီး "

Forever Together  (Completed)Where stories live. Discover now