'ဘာလို့ ဒီနေ့ အရမ်းနောက်ကျ…' ကျွန်တော် လှည့်ကြည့်လိုက်မိပြီး ထိုကောင်လေးရဲ့အခြေအနေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ပြောမယ့်စကားတွေက တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်ကုန်သည်။

Soloတစ်ကိုယ်လုံး ခြေဖျားက ခေါင်းအထိ စိုရွဲနေသည်။ သူ့ဆံပင်က ရေစက်တွေကလည်း မျက်နှာပေါ်သို့ တစ်စက်ပြီး တစ်စက်ကျဆင်းနေပြီးတော့ သူရဲ့ကျောင်းယူနီဖောင်းကလည်း စိုရွဲနေတာကြောင့် ခန္ဓာကိုယ်အတွင်းသားတွေကိုတောင် ဖောက်ပြီး မြင်နေရသည်။ ပြီးတော့ သူ့ရဲ့မျက်နှာက အရမ်းပင်ပန်းနေတဲ့ပုံဖြစ်နေတာကြောင့် သူ့ကို အိမ်မြန်မြန်ပြန်လွှတ်ပြီး အိပ်ခိုင်းလိုက်ချင်သည်။ ဒါပေမယ့် Soloက နားထောင်မှာမှ မဟုတ်တာ…

Soloက သူ တစ်ကိုယ်လုံးစိုနေတာကို သိနေတာကြောင့် ဆိုင်ထဲသို့ ဝင်မလာ… သူ ဒီအတိုင်း ဝင်ပေါက်က ခြေသုတ်ဖျာပေါ်မှာ ရပ်နေသည်။ အဲ့ဒါနဲ့ ကျွန်တော် သူ့ဆီ သွားလိုက်ပြီး သူ့ကို ဆိုင်ထဲ ဝင်ခိုင်းကာ ကောင်တာအရှေ့က ခုံမှာ ထိုင်ခိုင်းလိုက်သည်။

'ကြမ်းပြင်က စိုသွားရင် သုတ်လို့ရတယ်။ ဒါပေမယ့် မင်းနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ' ကျွန်တော် ကောင်တာပြန်သွားနေတဲ့အချိန်မှာဘဲ သူ့ကို ဆူလိုက်မိသည်။ ကံကောင်းစွာနဲ့ဘဲ ဆိုင်မှာ မသုံးရသေးတဲ့ သဘက်အသစ် ရှိသေးလို့ပေါ့…

'တောင်းပန်ပါတယ်'

ကျွန်တော် အပြုံးပါးပါးလေးပြုံးလိုက်ပြီးတော့ ကျွန်တော် သူ့ကို စိတ်မဆိုးကြောင်း ပြလိုက်သည်။ ရေစိုပြီး ပင်ပန်းနေတဲ့ ဒီမျက်နှာလေးကို ကြည့်ပြီး ဘယ်သူက စိတ်ဆိုးနိူင်မှာလဲ။

'ဘာတွေလုပ်လို့ ဒီလို ရေတွေ စိုလာတာလဲ။ ပြီးတော့လည်း ဒီနေ့လာတာ နောက်ကျတယ်' ကျွန်တော် သူ့ခေါင်းလေးပေါ် သဘက်တင်ကာ ညင်ညင်သာသာလေးသုတ်ပေးရင်း ပြောလိုက်မိသည်။ Soloရဲ့နောက်ကျောက ကောင်တာကို မှီထားတာကြောင့် ကျွန်တော်က သူ့အရှေ့မှာ ရပ်ပြီး သူ့ခေါင်းကို သုတ်ပေးလို့ရသည်။ ပြီးတော့လည်း သူ့ရဲ့မျက်နှာကို ကျွန်တော် ထင်ထင်ရှားရှားမြင်နေရသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Место, где живут истории. Откройте их для себя