"ဟုတ်..ဟုတ်...အခုသွားကြိုလိုက်ပါ့မယ်။

ဖုန်းပြောပြိးးSoobinတစ်ယောက်​ခုန်ပျံကျော်လွှားကာပြေးရတော့သည်။

ကုမ္ပဏီရှေ့ရောက်တော့လုံခြုံရေးနှင့်အတူလူတစ်ယောက်တွေ့လိုက်ရ၍ထိုလူဖြစ်မည်ဟုတွေးလိုက်ကာ
ထိုလူ့ဆီသာသွားလိုက်သည်။

"JeonJungkookလားခင်ဗျာ့"

"aww..ရောက်လာပြီလား။ကျွန်တော်ဘယ်သူလဲပြောလိုက်စမ်းပါဗျာ။"

"မင်းCeoကိုဘယ်လိုတွေပြောနေတာလဲ။အလုပ်ပြုတ်ချင်နေတာလား။"

"ဗျာ..C..Ceoဟုတ်လား၊တောင်း...တောင်းပန်ပါတယ်၊တောင်းပန်ပါတယ်၊အလုပ်တော့မဖြုတ်လိုက်ပါနဲ့၊အိမ်မှနေမကောင်းတဲ့မိန်းမနဲ့ကျောင်းတက်နေရတဲ့သားတွေသမီးတွေရှိလို့ပါ။Ceoရယ်ကျွန်တော်တစ်ယောက်ထဲအလုပ်လုပ်နေရတာ၊ကျွန်တော်သာအလုပ်ပြုတ်ရင်ဘာနဲ့သွားစားရမှာလဲ။တစ်ခေါက်လောက်သနားပေးပါ။"

ကိုယ်ကဘာမှမပြောရသေးသူကချည်း
စွတ်ပြောနေတော့ခက်လှသည်။

"ကျွန်တော်လည်းအလုပ်ဖြုတ်ဖို့စဥ်းစားမထားပါဘူး၊ပြောမနေနဲ့တော့၊နားညီးတယ်။"

"ဟုတ်ကဲ့..ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ခင်ဗျာ့...ကျေးဇူးတင်ပါတယ်။ကျေးဇူးကိုဒီတစ်သက်မမေ့ပါဘူး။"

"ဆက်ပြောနေရင်အလုပ်ဖြုတ်ပစ်တော့မှာ၊
ပါးစပ်ပိတ်"

"ဟုတ်..ဟုတ်"

လုံခြုံရေးနှင့်စကားပြောနေတုန်းsoobinတစ်ယောက်ကုမ္ပဏီgroup chatထဲ၀င်ပြီး*Ceoရောက်လာပြီ၊အားလုံးအဆင်သင့်ပြင်ထားတော့*ဟုပို့လိုက်ရာ၀န်ထမ်းများအားလုံးပျာပျာသလဲပြင်ဆင်ရတော့သည်။

ကုမ္ပဏီထဲ၀င်တော့အ၀င်၀ကပေါက်က
နှစ်ဖက်ယှဥ်ပြီးအတန်းလိုက်တန်းစီ
နေသောလူများကိုမြင်သည်
နှင့်Jungkookစိတ်ထဲsoobinကို
ချီးကျူးမိသည်။

စောစောကလုံခြုံရေးနှင့်စကားပြော
နေတုန်းစာပို့နေတာမြင်၍
အထဲရောက်မှဆူမည်ဟု
တေးမှတ်လိုက်သေးသည်။
သူစာပို့သည်မှာဒီလူတွေဖြစ်မည်။
ထို့ကြောင့်ရုံးထဲအ၀င်ဒီလိုနေပုံစံတကျ
ရှိနေတာဖြစ်မည်။သူကရုတ်တရက်ရောက်လာတာမို့ဘယ်၀န်ထမ်းမှာအဆင်သင့်မပြင်ထားရသေးမှန်း
သိသည်၊အဲ့တာကြောင့်စောနကသူရောက်လာတော့အစောင့်ကတောင်သူ့နာမည်ကိုမသိတာကြည့်လေ။

လူသာငယ်ပေမယ့်
အရည်အချင်းရှိသောကောင်လေးပဲ
လို့စိတ်ထဲမှတ်ချက်ချမိသည်။

စိတ်ထဲတွင်သာအတွေးပေါင်းစုံ
တွေးနေပေမယ့်
အပြင်ပန်းရုပ်တွင်မှုန်ကုပ်ကုပ်
ခပ်တည်တည်ထားကာနေသည်။

"ဒါကတော့Jeon groupရဲ့
Ceo JeonJungkook
ပဲဖြစ်ပါတယ်။အားလုံးတလေးတစား
ဆက်ဆံကြပါ"

"ဟုတ်ကဲ့၊အမြင်မတော်တာရှိရင်ပြောလို့ရပါတယ်"

လို့အသက်သိပ်မကြီးသေးတဲ့အမျိုးသမီးတစ်ဦးက၀င်ပြောသည်၊၊

You've reached the end of published parts.

⏰ Last updated: Aug 17, 2022 ⏰

Add this story to your Library to get notified about new parts!

လျှို့၀ှက်သောချစ်ခြင်းWhere stories live. Discover now