Part 7

384 30 3
                                    


Jeon groupတွင်....

"အားလုံးကြားပြီးကြပြီလား၊ဒီနေ့ကုမ္ပဏီCeoလာမှာတဲ့။"

"ဟယ်..ဟုတ်လား၊နင်ဘယ်ကကြားလာတာလဲ။"

"ဒါရိုက်တာတွေစုပြီးပြောနေသံကြားလို့"

"တကယ်လား၊Ceoဆိုတာငါတို့ဒီJeon groupကိုစတည်ကတည်းကဘယ်တုန်းကမှမလာဘူးတဲ့Ceoကိုပြောတာလား။"

"အေး..ဟုတ်ပါတယ်ဆိုဟယ်"

"သူကအသက်ကြီးကြီးလား၊ငယ်ငယ်လား"

"ငါလည်းဘယ်သိပါ့မလဲ၊တစ်ခါမှမမြင်ဘူးတာကို။"

"အေးနော်၊နင်လဲဘယ်သိပါ့မလဲ၊sorry...sorry။"

Ceo Jeonလာမည်ဆို၍၀န်ထမ်းများ
စိတ်လှုပ်ရှားနေကြသည်။ကုမ္ပဏီ
စတည်ထောင်ကတည်းက
အခုအချိန်အထိလူလုံးထွက်မပြခဲ့ပဲ
ဖုန်းနဲ့သာအဆက်အသွယ်လုပ်လေ့ရှိသော
ကိုးရီးယား၏အကျော်ကြားဆုံးကုမ္ပဏီကCEO၏မျက်နှာပုံစံ၊အသက်ကိုမည်သူမှမသိ။Jeon group၏Ceoအကြောင်းကို
ကိုရီးယားနိုင်ငံ၏စီပွားရေးလုပ်ငန်းရှင်များ
သာမကတစ်နိုင်ငံလုံးကသိချင်နေကြသည်။

.
.
.

"သားဒီကိုလာဦး.."

taehyungအဖေမှလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

"မင်းဦးလေးဒီကိုရောက်နေတယ်ကြားတယ်။"

"ဗျာ!အဖေပြောချင်တာ
JeonJungkookလား!!
Jeon groupကCeoလေ၊
သူ့အကြောင်းမကြားရတာတောင်
တော်တော်ကြာလှပြီလေ
အခုကြမှဘာထဖြစ်တာလဲဦးဦးက...။'

"အေးဟုတ်တယ်၊အခုမင်းအမေဖုန်းလှမ်းဆက်တယ်၊မင်းဦးလေးအခုkoreaရောက်နေတယ်တဲ့၊ဘိုးဘိုးကြီးလှမ်းဆက်ပြောတာလို့ပြောတယ်။"

"ပြီးတော့...."

"မင်းအမေကသူ့မောင်လေးရောက်လာရင်
သေချာဧည့်ခံလိုက်ပါတဲ့။

မင်းလည်းမင်းဦးလေးကိုမတွေ့ရတာ
ကြာပြီမလား၊၊"

"အင်းလေမတွေ့တော့တာကတော့ငယ်ငယ်လေး
ကတည်းကပဲ၊သူကလည်းဟိုသွားတာ
ပြန်ကိုမလာတော့ဘူးလေ။"

"ဟိုမှာလည်းသူ့မိဘတွေဆုံးသွားတော့စိတ်ထိခိုက်သွားလို့ပါ၊မင်းလည်းအဲ့တုန်းကသွားသားပဲ၊အဲ့မှာကောင်လေးတစ်ယောက်နဲ့တောင်သူငယ်ချင်းတောင်ဖြစ်သွားသေးတယ်၊ပြီးတော့မင်းဟိုကပြန်လာတာတောင်ဘယ်လောက်မှမကြာသေးဘူး။"

Mr.Kimပြောလိုက်တဲ့စကားကြောင့်ထယ်ယောင်းတစ်ယောက်ခေတ္တတော့တိတ်ဆိတ်သွားသည်။
ဒါပေမယ့်ခပ်မြန်မြန်ပင်စကားပြန်လိုက်သည်၊
သူဒီကိုရောက်လာတဲ့အကြောင်းကိုတစ်ခြားလူ
သိလို့မှမရဘဲ။

"ဟုတ်တယ်လေ၊ဒါပေမယ့်ဦးဦးကိုမှမတွေ့ခဲ့ရတာ၊
ဦးဦးကိုတွေ့ရင်ပြန်မှတ်မိပါ့မလား။"

"စိတ်မပူပါနဲ့၊မှတ်မိမှာပါ၊သားသွားစရာရှိတာသွားတော့လေ၊ဘာမေးစရာရှိသေးလဲ။"

You've reached the end of published parts.

⏰ Last updated: Aug 17, 2022 ⏰

Add this story to your Library to get notified about new parts!

လျှို့၀ှက်သောချစ်ခြင်းWhere stories live. Discover now