"မေမေကဘယ်တော့ပြန်လာမှာလဲ။"

"သူဟိုကအလုပ်ကိစ္စပြီးရင်လာခဲ့မယ်တဲ့၊
လက်စဖြတ်စရာကိစ္စလေးနည်းနည်းရှိနေလို့တဲ့"

"ဟုတ်၊ဒါဆိုသားသွားပြီ"

"အေးအေး၊ဖြည်းဖြည်းသွား "

.
.
.

.*taehyung၏အမေသည်jungkook၏အစ်မဖြစ်ပြီးtaehyungသည်jungkook၏တူဖြစ်သည်။jungkookအစ်မသည်kim group၏Ceo၊ taehyung၏အဖေနှင့်လက်ထပ်လိုက်သောကြောင့်Jeon groupနှင့်Kim groupမှာအမျိုးတော်သွားခြင်းဖြစ်သည်။kim groupနှင့်jeon groupအမျိုးတော်သည်ကိုမည်သူမှမသိ။Jungkook၏အမ၁၅နှစ်
လောက်ရောက်မှJungkookကိုမွေးခဲ့ခြင်းဖြစ်ပြီးJungkookအစ်မမှာစောစောအိမ်ထောင်ကျသွား၍taehyung
နှင့်Jungkookအသက်ချင်းသိပ်မကွာပဲ
ရှိနေခြင်းဖြစ်သည်...*

..........................

jiminနှင့်စာပို့ပြီး၍jungkookတစ်ယောက်မနက်ခင်းပြေးရန်ပြင်ဆင်လိုက်သည်။မနက်ခင်းပြေးရင်း
နှင့်jeon groupနားရောက်သောအခါတစ်ခါ၀င်လိုက်တော့မည်ဟုစိတ်ကူးပေါက်၍၀င်ခဲ့လိုက်သည်။
သူ၀င်လာသောအခါ၀င်ပေါက်ရှိအစောင့်များသည်
အ၀င်မခံ။

"ဘယ်သူနဲ့တွေ့ဖို့လာတာလဲ။"

"ငါဘယ်သူလဲမသိဘူးလား၊ဒီနေ့ငါလာမယ်လို့ပြောထားတယ်လေ၊မယုံသွားမေးလိုက်"

​jungkookပြောလိုက်သည်ကိုမယုံသင်္ကာဖြင့်
လုံခြုံရေးသည်လှမ်းဆက်၍မေးလိုက်သည်။

"မင်းနာမည်"

"JungKook"

"သူတို့ပြောတာကတော့ဘယ်JungKookမှလာဖို့မရှိဘူးတဲ့။မင်းငါတို့ကိုလာလိမ်မနေနဲ့။"

"ငါဖုန်းဆက်ပြမယ်၊ငါဘယ်သူလဲသိရင်လန့်မသွားနဲ့ဦး၊၊ပြီးတော့မှမင်းတို့ကိုရော၊မင်းဖုန်းဆက်မေးတဲ့လူရောငါ့အဆိုးမဆိုနဲ့။"

မယုံသင်္ကာနှင့်ကြည့်နေသောအစောင့်အား
Jungkookခပ်တည်တည်ပြန်ကြည့်ပေးလိုက်ပြီး
ဘိုးဘိုးဆီဖုန်းဆက်လိုက်သည်။

"ဘိုးဘိုးလား"

"..... ....."

"ဒီနေ့ကျနော်လာမယ်ပြောထားတာကိုသူတို့ကိုပြောမထားဘူးလား။"

"........"

"ဘိုးဘိုးပြောထားတာလည်းကျနော့်ကိုအ၀င်၀ကနေတောင်နှင်လွှတ်နေတယ်။"

".........."

"မြန်မြန်လုပ်ပေး၊ကျနော်စိတ်မရှည်တော့ဘူး"

ဖုန်းချပြီးသည်နှင့်

"ခဏစောင့်၊လူလာလိမ့်မယ်"

Jungkookဆီမှဖုန်းချပြီးသည်နှင့်
Jungkookအဘိုးမှာ
Jeon groupကဒါရိုက်တာတစ်ယောက်
ဆီသို့လှမ်းဆက်ကာပြောရတော့သည်။

"ခင်ဗျာ!!...ရောက်နေပြီဟုတ်လား။"

တစ်ဖက်ကဖုန်း၀င်လာမှုကြောင့်

Soobinတစ်ယောက်လန့်သွားရသည်။

"မဟုတ်ပါဘူးခင်ဗျာ၊နေ့လည်မှရောက်မယ်ဆိုလို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတာပါ။"

You've reached the end of published parts.

⏰ Last updated: Aug 17, 2022 ⏰

Add this story to your Library to get notified about new parts!

လျှို့၀ှက်သောချစ်ခြင်းWhere stories live. Discover now