၃..ရယ်မောမိခြင်း

Start from the beginning
                                    

ကျောင်းကျန့် ၏ဇာတ်လမ်းသည်ခေတ်သစ်ကမ္ဘာတွင်စာဖတ်သူအများအပြားကိုစိတ်အားထက်သန်စေတာသူမရှင်းရှင်းလင်းလင်းမှတ်မိသေးသည်၊အဓိကဇာတ်ဆောင်မင်းသမီးက ဗီလိန်မအိမ်ရှေ့စံမင်းသမီးကိုအနိုင်ယူလိုက်တိုင်း စာဖတ်သူတွေအရမ်းကျေနပ်အားရကြသည်။

သန်မာတယ့်အဓိကဇာတ်ဆောင်မင်းသမီးသည် တစ်ချိန်ကအိမ်ရှေ့စံမင်းသားရဲ့ လက်ဖက်ရည်နန်းဆောင်တွင်အစေခံဖြစ်ခဲ့သည်၊သူမသည် နိမ့်ပါးစွာမွေးဖွားလာပြီး သန်မာတယ့်ဧကရီတစ်ယောက်ဖြစ်လာသောအမျိုးသမီးပင်ဖြစ်သည်နောက်ပိုင်းတွင်သူမသည်အဓိကဇာတ်ဆောင်မင်းသားရဲ့ကိုယ်လုပ်တော်တွေထဲကတစ်ယောက်ဖြစ်လာခဲ့သည်၊အဲ့ဒီနောက် ကျောင်းကျန့်သည် နိုင်ငံရေးအာဏာအားလုံးကိုသူမလက်ထဲသို့ဆွဲသွင်းကာ သမိုင်းတွင်အငြင်းပွားစရာအကောင်းဆုံးဧကရီဖြစ်လာခဲ့သည်။

ဆွဲဆောင်မှုရှိတဲ့လီချာနဲ့မတူတာက အဓိကဇာတ်ဆောင်မင်းသမီးကအလှလေးတော့မဟုတ်ပေ၊သို့သော် သူမရဲ့ပြိုင်ဘက်ကင်းညဏ်ရည်နဲ့ထူးခြားတယ့်သတ္တိကအဓိကဇာတ်ဆောင်မင်းသားရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့သည်။

ကျောင်းကျန့်သည် အလွန်ထက်မြက်ပြီးအိမ်ရှေ့စံမင်းသား၏နှလုံးသားကိုသာမက လူအများ၏နှလုံးသားကိုပါစွဲဆောင်နိုင်ခဲ့သည်။ဝတ္ထုသည် အချစ်ဇာတ်လမ်းကိုသာမကသာမန်အစေခံတစ်ယောက်မှ သန်မာတယ့်ဧကရီဖြစ်လာပုံကိုပါဖော်ပြထားသည်;အင်အားကြီး လီအင်ပါယာ၏ကျူးကျော်မှုမှသူ့လူများကိုကာကွယ်ပေးခဲ့သည်။

ရှေ့ကပြောသလိုပဲ ကျွန်မပထမဆုံး၀ိညဥ်ကူးပြောင်းလာတုန်းကကိုယ်တွေရဲ့ဒီအဓိကဇာတကောင်တွေကိုတိတ်တဆိတ်ထောက်ခံပေးခဲ့ဖူးတယ်.. ဒါပေမယ့်အဆုံးမှာတော့.. *ညည်းညူလိုက်ခြင်း*မသိစိတ်ဖြင့် သူမကိုယ့်လည်ပင်းကိုကိုင်ကြည့်မိသွား၏။နင်တို့ထင်သလိုပဲ — ငါ့ရဲ့သေဆုံးမှုကဖော်ပြဖို့အရမ်းရက်စက်လွန်းတယ်။

'သေစမ်း,သေစမ်း,မကောင်းဆိုးဝါးမ!ဇာတ်လိုက်မင်းသမီးရေ သူမဖင်ကိုထပ်‌ကန်ပေးပါအုန်း,သူမကိုဒူးထောက်ခိုင်းပြီးလည်ပင်းကိုဖြတ်သွေးထွက်ပြီးသေသည်ထိဒီအတိုင်းထားပေးပါ' သတ္တမမြောက်မင်းသမီး ဇာတ်ကောင်ကိုပြင်းပြင်းထန်ထန်ဆဲဆိုခဲ့ပုံတွေကိုသူမပြန်သတိရသွားတော့ဦးရေပြားများ ထုံကျင်လာပြီးမျက်နှာဘယ်ဘက်ခြမ်းမှာလည်းမသိစိတ်ကတွန့်လိမ်နေမိသည်။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းOn viuen les histories. Descobreix ara