၁၄..ကြင်နာသနားခြင်း

1.2K 87 5
                                    

[Unicode]

"ယို့!ငါကအခု မင်းသမီးတစ်ပါးလေ!"

သူမပထမဆုံး ကူးပြောင်းလာတုန်းကဆိုအရူးတစ်ယောက်လိုရယ်နေခဲ့သည်။လီအင်ပါယာ၏ မင်းသမီးအဆင့်အတန်းကိုကိုယ်စားပြုသည့် တော်၀င်ကျင်းပု (*ကျောက်စိမ်းဆွဲသီး)ကိုလည်းရက်အတန်ကြာငေးကြည့်နေမိခဲ့သည်။

'ဒါက black card နဲညီမျှလောက်တယ်မလား?black cardလေ?'

"ငါက မင်းသမီးတစ်ပါးတဲ့!မင်းသမီးတစ်ပါးတဲ့လေ!"

ရုတ်တရက်အပြုံးမျက်နှာတစ်ခုကိုပြန်အမှတ်ရသွားတော့ သူမထပ်အော်လိုက်သည်"နှစ်တွေကြာတာတောင်ငါ့ကိုခြောက်လှန့်နေတုန်းပဲ!စိတ်ရှုတ်လိုက်တာ!"

"ကျေးဇူးပါတင်ပါတယ်,ဗုဓ္ဒရယ်၊ကျွန်မကို သနားပေးလို့ကျေးဇူးတင်ပါတယ်၊နေ့တိုင်းဘုရားကျောင်းမှာပိုက်ဆံတွေလှူမယ်လို့လည်းကတိပေးပါတယ်၊အဲ့တာကြောင့် ကျေးဇူးပြုပြီးသခင်ငယ်လေးရဲ့အပြုံးမျက်နှာကြီးကိုထပ်မတွေ့ပါရစေပါနဲ့"

"ဘယ်တော့မှထပ်မတွေ့ပါရစေနဲ့တော့!တောင်းဆိုပါတယ်"

အားပေါင်က သူမကိုအနှောက်အယှက်မဖြစ်တော့သလို ဘေးကနေသာတိတ်တိတ်လေးကြည့်နေခဲ့သည်။သတ္တမမြောက်မင်းသမီးသည် နန်းတော်အတွင်းတွင်ဤမြင်ကွင်းမျိုးအမြဲဖြစ်ပျက်နေတတ်သည်။

သူမကိုယ်တိုင်လည်း ရူးသွပ်စွာအော်ဟစ်နေပုံကိုသိသည်။ဒါပေမယ့် ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ?ငါက အခုဆိုရူးသွပ်တဲ့အာရှသဌေးကြီးဖြစ်နေပြီလေ။

သောက်ရမ်းချမ်းသာတဲ့သူကြီးပေါ့!ဘဟားဟားဟား!

သို့သော်လည်း..သခင်ငယ်လေးကသူမကိုဒုက္ခပေးချင်နေပုံရသည်။သူမကသူ့ရဲ့ကြောက်စရာစကားတွေကို တိုးညှင်းစွာကြားနေရသည် "လက်လျှော့လိုက်တော့၊မင်းကငရဲကိုသွားရမှာမို့လို့ပဲ"

'ဒီသောက်....'ငါတစ်ကယ်သူ့မျက်နှာကိုကျိန်ဆဲချင်လာပြီနော်...

ဝိညဉ်ကူးပြောင်းတဲ့လူတိုင်းအိမ်လွမ်းမယ်ဆိုတာအသေအချာပဲ။သူတို့ လွမ်းလွန်းလို့ရူးတောင်သွားအုံးမယ်။ဒါပေမယ့် ငါ့အတွက်ကတော့ ဘယ်တော့မှပြန်မသွားရဖို့ပဲဆုတောင်းမိတယ်။မပြန်ချင်ဘူး.. ဆင်းရဲတဲ့ဘ၀၊မိဘမဲ့ဖြစ်ရတဲ့ဘ၀၊အကြွေးတွေစုနေရတဲ့ဘဝ၊လူ့အဖွဲ့အစည်းမှာကျွန်ဖြစ်ရတဲ့ဘ၀ကို...

You've reached the end of published parts.

⏰ Last updated: Oct 31, 2022 ⏰

Add this story to your Library to get notified about new parts!

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now