၅..လေပြင်း

956 112 2
                                    

[Unicode]

ငါကအရမ်းကြောက်ဖို့ကောင်းနေပါလား၊ကိုယ့်ကိုကိုယ်တောင်လက်သီးနဲ့ပိတ်ထိုးချင်နေပြီ။

ဒီလောက်ချစ်စရာကောင်းတဲ့အဓိကဇာတ်ဆောင်လေးကိုအိမ်မွေးတိရစ္ဆာန်လို့ပြောလိုက်တယ်?ဘိုးဘေးတွေရှေ့မှာ အပြစ်ခံယူမှပဲဖြစ်တော့မယ်။

'လီချာ,အမိုက်မ!'

ဒူကိုင်ကမျက်ရည်တွေကိုထိန်းထားရင်း မျက်၀န်းတွေကမှုန်းဝါးနေကာ နှုတ်ခမ်းမှလည်းတသိမ့်သိမ့်တုန်နေလေသည်။သူစကားပြောခါနီးတွင် တစ်စုံတစ်ယောက်ကတံခါးရှေ့သို့ ရောက်လာပြီးအနှောင့်အယှက်ပေးတော့၏။

အစေခံကအရိုအသေပေးလိုက်သည်၊အစေခံနောက်မှပါလာတဲ့သူက ကျုံးဆွေ့နန်းဆောင်မှရင်းနှီးပြီးသားဖြစ်သည့် နတ်ဆိုးလိုမိန်းမစိုးတစ်ယောက်ပဲဖြစ်သည်၊ထိုလူသည် ဧကရီမိဖုရားခေါင်ကြီးနန်းဆောင်မှ မိန်းမစိုးကျောင်းပဲဖြစ်၏။"ဧကရီမိဖုရားခေါင်ကြီးက မင်းသမီးနဲ့အိမ်ရှေ့စံမင်းသားကိုညစာစားဖို့ကျုံးဆွေ့နန်းဆောင်ကိုဖိတ်ကြားလိုက်ပါတယ်"

'အဲ့ဒီလူအိုမကြီးနဲ့ညစာစားရမှာလား?ဝါး!မလိုဘူး ကျေးဇူးပါလို့'

သူမနဲ့နောက်ဆုံးတစ်ခေါက်စားခဲ့တုန်းက ဒေါသကြောင့်လျှာတောင်ကိုက်လုနီးပါပဲ။ထိုမကောင်းဆိုးဝါးစုန်းမကြီးအား သူမအရမ်းမုန်း၏။

ကိုယ်တွေရဲ့ချစ်လှစွာသော ဇာတ်လိုက်တွေအတွက်,ငါ့ရဲ့ပထမဘ၀မှာ ခေါင်းထဲသွေးရောက်သည်ထိကိုဧကရီမိဖုရားခေါင်ကြီးရဲ့အကြံအစည်တိုင်းကို ကန့်လန့်တိုက်ပြီးတိုက်ပွဲ၀င်ခဲ့ရတာ။

ဒီနေ့အထိကို အံ့သြနေတုန်းပဲ။သူမအသက်ခြောက်ဆယ်နဲ့ လူတွေကိုကြံစည်လှည့်စားဖို့ အဲဒီအမှောင်စွမ်းအင်တွေဘယ်ကရခဲ့တာလဲ?

'ဟွန့်.. အဲဒီမိန်းအိုကြီး..'သူမရဲ့ဆိုးသွမ်းတဲ့ ပရိယာယ်တွေကိုအရမ်းငြီးငွေ့နေပြီ။

ငါ့မှာသာဆန္ဒပြည့်နဂါးရှိရင်.. အေးချမ်းချမ်းနဲ့ပျင်းရိလို့ရမယ့်ဘ၀လေးပဲပေးဖို့ဆုတောင်းမှာ အာ..။

အဖွားဖြစ်သူရဲ့ဖိတ်ခေါ်ချက်ကိုကြားတော့ အဓိကဇာတ်ဆောင်ရဲ့မျက်လုံးပြာလေးတွေက တုန်လှုပ်သွားတာကိုသူမမြင်လိုက်သည်၊ဒီဗီလိန်မလေးက သူ့ကိုနှစ်သိမ့်ပေးချင်ပေမယ့်မတတ်နိုင်ခဲ့ဘူးလေ။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now