" အစ်ကို့အပေါ် ဒီလောက်ထိလုပ်မှ ဖြစ်မှာလား "

ထိုလူရဲ့ ခပ်စူးစူးအကြည့်နဲ့ အ​ပြစ်တင်သံအောက်မှာ ဝန်း အံကြိတ်ကာလက်သီးတင်းတင်ဆုပ်လိုက်သည်။ကြည့်ရတာ ဝန်းကို သိပ်ဒေါသထွက်နေပုံပါပဲ။အစ်ကို့ဆီမှာတောင် မတွေ့ရသော နာကြည်းမှုတွေဟာ ဝန်းကို စူးရဲစွာ​ကြည့်​နေသော ထိုလူ့ မျက်ဝန်းနက်နက်မှာ ရှိနေသည်။ 

" မင်းကိုယ်မင်း သိပ်မှန်နေတယ် ထင်နေလား ဟက် မေတ္တာရှင်ကြီးပေါ့ တာဝန်ယူတတ်တဲ့သူကြီးပေါ့ ဟာသပဲ "

ဝန်းကို ခနဲ့ကာ လှောင်ပြောင်နေတာကြောင့် အနည်းငယ်တော့ ခံရခက်သည်။ သို့သော် ယိုင်နဲ့နေ​သော စိတ်ကို ဖုံးလိုက်ရင်း ခနဲ့ပြုံးပြုံးလိုက်သည်။

" အဟင်း "

ဝန်းရဲ့ခနဲ့သံဟာလည်း တည်ကြည်နေသောမျက်နှာကို မျက်မှောင်ကြုတ်သွားစေသည်။ ဝန်းက ထိုသူကို ရိသဲ့သဲ့ကြည့်လိုက်ရင်း မချိပြုံးပြုံးလိုက်သည်။

" အဲ့လောက်မခံမရပ်နိုင်ဖြစ်နေရင်လည်း ခင်ဗျားက အစ်ကို့ကို ပျော်အောင်ထားလိုက်လေ အစ်ကိုမနာကျင်တော့အောင် ခင်ဗျားက ပွေ့ဖက်ပေးလိုက်ပေါ့ အဟင်း "

အစ်ကို့အတွက် ခံပြင်းကာ ဝန်းကို ဒေါသထွက်နေသော ထိုလူကို
သရော်ဟန် ပြောလိုက်မိသော်လည်း
အမှန်တကယ် ထိုလူအား အရှက်မဲ့စွာ တောင်းပန်ခယပြီး ပြောချင်နေသောစကားများဖြစ်သည်။

လွှား ။ လွှားက သူ့ကြောင့်နဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားခဲ့ပြီ။ လွှား ဒီလို ဖြစ်ရတာဟာ ဝန်း ရည်ရွယ်ခဲ့တာ မဟုတ်လို့ ဝန်း အပြစ်မဟုတ်ပါဘူး ဆိုသော်ငြားလည်း ဝန်းကြောင့် ဖြစ်သွားတာပဲမဟုတ်လား။ ဒါကို မျက်နှာလွဲခဲပစ် လုပ်လို့မှ မဖြစ်ပေဘဲ။ အစ်ကို့ကို ဘေးမှာထားပြီး သူများကို ဂရုစိုက်ရတဲ့အချိန်တွေမှာ အစ်ကို ပိုပြီးခံစားနေရမယ်မဟုတ်လား။အခုလို အဆုံးသတ်လိုက်ခြင်းက အစ်ကို့အတွက် ပိုပြီးအဆင်မပြေဘူးလား။

" အဓိပ္ပာယ်မရှိတဲ့ အတွေးတွေကို ရပ်လိုက်စမ်းပါ အစ်ကို့ကို နာကျင်စေမဲ့အတွေးတွေပဲ မင်းခေါင်းထဲမှာ ရှိတာလား "

When You Find Lost Love AgainWhere stories live. Discover now