Chapter 25

713 68 15
                                    

Unicode

"Oab!!!မင်းဟာကမများဘူးလား!!"

Gunတစ်ယောက် သူ့လက်ထဲကice cream းကိုငုံ့စားနေတဲ့ဘေးနားကOabကို စိတ်မရှည်စွာပြောလိုက်သည်။ ထောင့်ကနေသူတို့ကိုခိုးရိုက်နေတဲ့...အင်း... ခိုးရိုက်ချင်ယောင်ဆောင်နေတဲ့အပေါင်းအဖော်cameraသမားကိုလည်း မကြည့်မိအောင်ထိန်းရသေးတယ်။သဘာဝကျအောင်လေ...။

Oabရဲ့Planဆိုတာကလေ လျှောက်လည်တာထက် ဓာတ်ပုံရိုက်ခံရတာဆိုပိုမှန်လိမ့်မယ်။ မသိရင်ပဲ သူနဲ့Oabက အနုပညာရှင်တွေလိုမျိုး ခိုးရိုက်ခံရတဲ့ပုံစံမျိုး။

အခု‌လည်း ကစားကွင်းတစ်ခုမှာ ice cream... တစ်ယောက်တစ်ခုဆီစားနေရင်းနဲ့မှ Gunလက်ကောက်ဝတ်ကိုဆွဲယူကာ Gunလက်ထဲကice creamကို ငုံ့ကိုင်းကာလုစားနေပြန်သည်။ ခိုးရိုက်နေတဲ့ကင်မရာသမားကလည်း တဖြတ်ဖြတ်ပေါ့။ ဓာတ်ပုံက တစ်ပတ်လောက်ရှိတာတောင် ရိုက်လို့မပြီးနိုင်သေးတဲ့အပြင် အခုသူ့အကြိုက်ဆုံးရေခဲမုန့်ပါလုစားခံလိုက်ရတာကြောင့် Gunတို့တင်းပြီလေ။

"ရော့‌...ရော့ မင်းပဲစားတော့"

ရှေ့ကငတ်ကြီးကျနေသူရဲ့ပါးစပ်ထဲသို့ Gunအတင်းထိုးထည့်လိုက်တော့ Oabမှာ နှုတ်ခမ်းအပြင် ပါးတွေမှာပါ ပေကျံလို့သွားလေသည်။

"ဟာ~ပီပြင်အောင်လေကွာ~ဟက်"

ပါးတွေမှာ ရေခဲမုန့်တွေပေကျံနေတာတောင် ရီကျဲကျဲနဲ့ကြည့်ကာပြန်ပြောလာတဲ့Oabကို Gunတစ်ယောက် ယောင်္ကျားဆန်ဆန် မျက်စောင်းသာထိုးလိုက်သည်။ အချိန်တစ်ပတ်ဆိုတဲ့အတိုင်း သူနဲ့Oabဆိုလည်းရင်းနှီးသင့်သလောက် ရင်းနှီးနေပြီဖြစ်သည်။ ဒီပြောမနာဆိုမနာOabက သူနဲ့ရင်းနှီးတာမကြာသေးပေမယ့် သူငယ်ချင်းအရင်းကြီးတစ်ယောက်လို ခံစားရစေသည်။

"မင်းပီပြင်နေတာက တစ်ပတ်လောက်ရှိပြီ...တော်လိုက်တော့ အဲ့ဓာတ်ပုံတွေPapiiဆီပို့မှာမလား editပြီးပို့လိုက်တော့!"

"....."

ပြောချင်ရာပြောပြီး ရှေ့ကနေဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး Oabပြုံးပြီးသာကျန်ခဲ့ရတော့တယ်။ ကဲ သူမလှိမ့်တပတ်လုပ်ပြီး ခိုးယူထားခဲ့မိတဲ့ထိုကောင်လေးနဲ့အတူရှိမယ့် အချိန်တွေ ကုန်ဆုံးချိန်တန်ပြီပေါ့။ ပိုင်ရှင်လက်ထဲထည့်ရတော့မယ့်အချိန်ပေါ့။

Revenge Or Love?(Z/U)حيث تعيش القصص. اكتشف الآن