Chapter 23

717 75 18
                                    

Unicode

Tayမျက်နှာပေါ်က တစ်ဆစ်ဆစ်ကိုက်ခဲမှုနဲ့အတူ အိပ်ယာထဲလဲနေသည်မှာ နှစ်ရက်နီးပါးရှိနေလေပြီ။ သို့သော် လွန်ခဲ့တဲ့ရက်ကကားပေါ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံး ခေါင်းထဲကလုံးဝထုတ်လို့မရသေးပေ။ ခေါင်းထဲမှာရှုပ်ရှက်ခတ်နေတဲ့ကြိုးတွေချည်နှောင်ထားသလိုပင် တင်းကျပ်နေသည်။

အထူးသဖြင့် Newရဲ့သူ့ကိုစိတ်ပျက်စွာကြည့်သွားသောမျက်နှာ။ မျက်နှာပေါ်သို့ပေးသွားသောဒဏ်ရာတွေထက် ရင်ဘတ်ထဲက ဒဏ်ရာတွေက ပိုနာကျင်သည်။သူ့ကို တကယ်မမြင်ချင်လောက်အောင်စိတ်ပျက်သွားပြီးများလား။အဆက်အသွယ်မလုပ်ချင်လောက်အောင် မုန်းသွားပြီများလား စသည့်'လား'ပေါင်းများစွာဖြင့် ပတ်လည်ရိုက်နေရသည်။

မဖြစ်တော့ဘူး။ Tayသုံးသပ်ရမည်။ကိုယ့်ကိုယ်ကိုယ်သုံးသပ်ရမည်။ သူအခုဘာဖြစ်ချင်နေတာလဲ။ ဘာလိုချင်နေတာလဲဆိုတာ။

အစဆုံးအနေဖြင့် Newဆိုတာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်။အင်း...သူအတင်းလုပ်ယူထားတဲ့သူငယ်ချင်းပေါ့...။

အတိတ်ဆီက အကြောင်းအရာတစ်ချို့ဆီသို့

Barတစ်ခု၌

"ဟျောင့်...Newကgayနေတာနော်"

ကြားလိုက်ရတဲ့အကြောင်းအရာတစ်ခုကြောင့်Tayသောက်နေရင်းခေါင်းထောင်ကြည့်မိသည်။ ဘာမှတော့ဝင်မပြောဖြစ်သေး။

"ဟုတ်လို့လား...မင်းဟာက ဘယ်ကသိလာတာလဲ"

အဖွဲ့ထဲကသူတစ်ယောက်မေးလိုက်တဲ့မေးခွန်းကြောင့် ထိုစကားပြောတဲ့သူက ခေါင်းထောင်နေတဲ့Tayရဲ့ပုခုံးကိုဖက်လာပြီး...

"ဘယ်ကမှမသိလာဘူး ကိုယ်တိုင်ခံစားမိတာ မင်းပဲကြည့်လေ ငါတို့အားလုံးထဲမှာ ဘယ်သူ့ကိုဂရုစိုက်ပြီးအရေးပေးဆုံးလည်းဆိုတာ"

ထိုတစ်ယောက်စကားကြောင့် အဖွဲ့ထဲကလူတွေအကုန်လုံး Tayကိုကြည့်လာသည်။ Tayဘာမှမပြောပဲ အရှေ့ကအရက်ခွက်ကိုသာကိုင်ပြီး တစ်ခွက်ကောက်မော့ကာ

"အရေးမပါတာတွေ..."

"အရေးမပါတာမဟုတ်ဘူး...မင်းကိုကြိုက်နေတာလေ အရေးပါတာပေါ့"

Revenge Or Love?(Z/U)Tempat cerita menjadi hidup. Temukan sekarang