Chapter 17

909 96 8
                                    

Zawgyi

ဒေါက် ဒေါက် ဒေါက်.....

Mikeပျောက်သွားသည့်တိုင်အောင် Kristကားပေါ်မှာဘဲ ငိုင်နေမိသည်။ထိတ်လန့်မှုကြောင့် ကားစတီယာတိုင်ကိုင်ထားသောလက်က တုန်နေသည်။

ဒေါက် ဒေါက်....

ကားမှန်က တဒေါက်ဒေါက်နဲ့အသံကြားတော့မှ Kristအသိစိတ်ပြန်ဝင်လာရသည်။ငူငူငိုင်ငိုင်နဲ့မှန်ဘက်သို့ ကြည့်မိသည်။
စိုးရိမ်မှုတွေနှင့်ပြည့်နေသောမျက်လုံးပိုင်ရှင် Singtoကိုမြင်လိုက်ရသည်။

"Krist အဆင်ပြေရဲ့လား Kristဘာဖြစ်နေတာလဲ!?
ကားမှန်လေးချပါဦးကွာ တစ်ခုခုပြန်ဖြေပါဦး"

ဒုန်း ဒုန်း....

မှန်ပိတ်ထားတာတောင်မှ အထဲကနေSingtoရဲ့စိုးရိမ်တကြီးအော်သံတွေကို အတိုင်းသားကြားနေရသည်။Krist ကိုယ်နှုတ်ခမ်းကိုယ် အသာလေးဖိကိုက်ကာ ကားကိုဝုန်းခနဲမောင်းထွက်လာခဲ့သည်။ဘက်မှန်ကနေ Singtoလဲကျသွားတာကို မြင်လိုက်ရသည်။လဲကျတာတောင်မှ သူ့ကားလေးထွက်သွားတာကို လိုက်ကြည့်နေတုန်းပင်။Kristနှလုံးသားလေး ဆစ်ခနဲနာကျင်သွားရသည်။

သို့သော် ကားလေးကတော့ လမ်းမထက်ရောက်လို့လာလေပြီ။
Krist...သူတို့အရင်ကအကြောင်းတွေပြန်စဉ်းစားမိသည်။တကယ်ဆို အရင်ထဲကSingtoက အဲ့လိုလောကထဲက လူတစ်ယောက်လေ။Kristကိုယ်တိုင်ကိုက Singtoကိုgay barမှာ တွေ့ပြီး စကြွေခဲ့တာမလား?။

ကိုယ်ကိုယ်တိုင်ကလည်း သူ့ကိုပိုက်ဆံနဲ့ဆွယ်ခဲ့တာမလား?။
ဒီလိုမျိုးလူကို ကိုယ်ကိုယ်တိုင်ကသွားကြိုက်ပြီး သူပိုက်ဆံမက်တာကိုလည်း အပြစ်သွားပြောလို့မရပေ။

ဒါပမယ့် Kristနာကျည်းတာက သူပိုက်ဆံမက်တာကို
မဟုတ်ပေ။

~~~တစ်ခြားသူတွေနဲ့ထပ်မပတ်တော့ဘူးလို့
ကတိပေးနော်Singto~~~

~~~အင်း...ငါဆိုတာမင်းအပိုင်ဖြစ်သွားပြီ..~~

မဖြစ်နိုင်တဲ့ကတိတွေ ပေးခဲ့လို့။Kristခေါင်းထဲတွင် အရင်အတိတ်ကအသံတစ်ချို့တိုးဝင်လာပြီးနောက် Kristမခံစားနိုင်တော့ဘဲ မျက်လုံးစုံမှိတ်ကာ ကားကိုကွေ့ချလိုက်သည်။

ရုတ်တရက်ကွေ့ချလိုက်တာကြောင့် နောက်ကကားတွေရဲ့ဟွန်းတီးသံနှင့် ဆဲဆိုသံတစ်သီတစ်တန်းကြီးကိုလည်း ကြားလိုက်ရသည်။

Revenge Or Love?(Z/U)Onde as histórias ganham vida. Descobre agora