Chapter 8

841 108 23
                                    

Zawgyi

ကုတင်ပေါ်မှာ အေးချမ်းစွာအိပ်စက်နေသောကောင်လေးရဲ့လက်လေးက Brightရဲ့လက်ကိုမြဲမြံစွာဆုပ်ကိုင်ထားလို့။

Winပတ်တီးစည်းပြီးအခန်းပြန်ရောက်ထဲက Brightရဲ့လက်ကိုဆုပ်ကိုင်ပြီး အိပ်စက်သွားတာဖြစ်သည်။
ဟုတ်ပါတယ် သူမဆီလဲမသွားဖြစ်ခဲ့ပေ။ခုဖြစ်တဲ့ကိစ္စက ကိုယ်နဲ့လဲ မကင်းတာကြောင့်Winရဲ့အမေကိုလဲ အားနားလို့မဆုံးပေ။ကုတင်တစ်ဖက်ခြမ်းမှာထိုင်နေသော Winအမေကိုမျက်နှာချင်းပင်မဆိုင်ရဲ။

"မင်းအမှားမဟုတ်ပါဘူး~"

Winရဲ့အမေက အိပ်စက်နေသောWinရဲ့နဖူးကဆံပင်လေးတွေကို သပ်တင်ပေးရင်းပြောသည်။

"အဲ့လိုဘဲ တစ်ဦးတည်းသောသားလေးမလို့
အလိုလိုက်ထားတော့ အရမ်းဆိုးနေတာ~
ဒါပမယ့် မင်းကိုတော့တကယ်ချစ်တာပါ~"

"ဗျာ!!ဟို~?"

Winသူ့ကိုချစ်နေတဲ့အကြောင်းပြောလာတာကြောင့် Brightအံ့သြသွားရသည်။ဒီငဆိုးကောင်လေးက ဒီကိစ္စတွေလည်း အမေကိုပြောတာဘဲလား?။

"ဟား Maeသိပါတယ်~ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ပါးနဲ့သူနဲ့ပြသနာဖြစ်နေကျ~သားလေးရဲ့ပါးက သားလေးယောကျာင်္းတစ်ယောက်ကိုကြိုက်တဲ့ကိစ္စကို သိပ်လက်မခံချင်ဘူးလေ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ရန်မဖြစ်တဲ့နေ့ကိုမရှိဘူး "

"............"

"ဟိုးတစ်လောကမှ ပြသနာအကြီးအကျယ်ဖြစ်ကြသေးတယ်~သူ့ပါးဆူနေရင်းကြားထဲက မင်းဆီသွားမယ်ဆိုပြီးလုပ်တာလေ~သူပါးကလည်း မိဘအာဏာနဲ့မသွားရဘူးဆိုပြီးတားတယ် အဲ့တာကိုတားရကောင်းလားဆိုပြီး အဆိုးလေးက နံရံကိုလက်သီးနဲ့ဆွဲထိုးတယ်တဲ့လေ သူ့ပါးကလည်းဒေါသထွက်ပြီးဆွဲထိုးမယ်လုပ်တာပေါ့ အဲ့တုန်းက Maeမှာလေ မနည်းတားလိုက်ရတာဆိုတာ~"

"ဟင်း~~"

အဲ့တုန်းကမှတ်မိသည်။သူ့ဆီကိုဒဏ်ရာတွေနဲ့ ရောက်ချလာတာမလို့ ရန်ဖြစ်လာတယ်ထင်ပြီး ဆူလိုက်သေးသည်။
Brightခေါင်းငုံ့ပြီးသက်ပြင်းချရုံကလွဲပြီး ဘာမှမပြောနိုင်ပေ။ခြေထောက်ကိစ္စကို ကိုယ့်ကြောင့်ဆိုပြီးမျက်နှာချင်းမဆိုင်ပါဘူး ဆိုမှ ထိုပြသနာအကြောင်းကြားပြီး ထိုနေရာမှအငွေ့ပါပြန်ချင်သွားသည်။

Revenge Or Love?(Z/U)Where stories live. Discover now