Chapter 11

781 97 8
                                    

Zawgyi

Kristရဲ့ဆေးရုံဆင်းပြီးနောက်ပိုင်းရက်တွေကတော့
ရုံးမှာအချိန်ကုန်တာများသည်။Kristပျက်ကွက်ခဲ့တဲ့တာဝန်တွေ များလွန်းတာကြောင့် အားလပ်ချိန်ကိုမရှိပေ။

အခု မျက်လုံးအားစိုက်တာများပြီးမျက်ရိုးတွေကိုက်လာတာကြောင့် မျက်မှန်ကိုချွတ်ကာခုံကိုမှီပြီးအနားယူမိသည်။ထိုအခါ မေ့မေ့ပျောက်ပျောက်မေ့ထားသော တစ်ယောက်သောသူကဦးနှောက်ထဲသို့ဝင်ရောက်လာသည်။သူဆိုလို့ အဲ့တစ်ယောက်နဲ့ဆေးရုံဆင်းပြီးထဲက မတွေ့ဖြစ်ပေ။ကားကိုလဲ Krist အိမ်ကDiverနဲ့ ပြန်ပို့လိုက်တာကြောင့်။

ဒေါက် ဒေါက်~ဒေါက်

တံခါးခေါက်လာတာကြောင့် Kristမျက်ရိုကိုနှိပ်ရင်း ခွင့်ပြုလိုက်သည်။

"ဝင်ခဲ့"

Kristအသံပေးလိုက်သည်နှင့် ဝန်ထမ်းမလေးတစ်ယောက်ဝင်ရောက်လာသည်။ဘာကိစ္စဆိုတာမျက်ခုံးပင့်ပြလိုက်တော့ ကောင်မလေးကမအီမသာမျက်နှာဖြင့် ပြောရကျပ်နေသည့်ပုံမလို့~

"ဘာပြောမလို့လဲ?"

"ဟို Boss~ဟို~အကိုလေးရောက်~"

"ပြန်လွှတ်လိုက် ငါသူ့ကိုမတွေ့ချင်သေးဘူး~"

"ဟို~~Bossနဲ့မတွေ့ရမချင်းစောင့်နေမယ်လို့ပြောပါတယ်~"

"ငါမရှိဘူးလို့ပြောလိုက်"

"ဟုတ်ပြောပါတယ်~ဒါပမယ့်အကိုလေးက Bossရှိတယ်ဆိုတာကိုသူသိတယ်လို့ပြောပါတယ်"

Kristသက်ပြင်းသာချမိတော့သည်။တစ်ပါတ်လုံးပျောက်နေပြီး အခုမှလာတွေ့တော့လည်း ဇွတ်။အဲ့လူဟာ တကယ့်ဇွတ်။သူလုပ်ချင်ရာ လုပ်မယ်ဆိုတာဘဲ။

"အာ့ဆိုလဲ ဒီတိုင်းထားလိုက်!!"

Kristပြောပြီး လုပ်ရမယ့်အလုပ်တွေထဲမှာဘဲ အာရုံစိုက်ထားလိုက်သည်။အဲ့လောက်စောင့်ချင်တာ စောင့်ပစေ။ဝန်ထမ်းကောင်မလေးကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ထွက်သွားသည်။

"ကျစ်~~"

စာရင်းတွေစစ်နေရင်း စိတ်ကအရင်လောက်စိတ်မပါတော့ပေ။
"စောင့်နေမလား""ပြန်သွားမလား"ဆိုတဲ့သိချင်စိတ်ကလည်း ဝင်ဝင်လာသည်။သို့သော် ကိုယ့်ဘာသာထိန်းပြီးအလုပ်ကိုစိတ်ပြန်နှစ်ရသည်။တဖြည်းဖြည်းနဲ့ စိတ်လွင့်လိုက် စိတ်နှစ်လိုက်နဲ့ဘဲ ညနေပင်ရောက်လာခဲ့ပြီဖြစ်တာကြောင့် ကားသော့ယူပြီးအောက်ဆင်းလာခဲ့သည်။

Revenge Or Love?(Z/U)Where stories live. Discover now