ရောင်စဉ် က ပြုံးကာ ပြန်ပြောလိုက်သည်။

"ငါက...သူ့ယောက်ျားလေ..."

"..........."

ပတ်ဂျီဟန် က လန့်သွားသည်။

"နေပါအုံး...ခဏလေး.."

ပတ်ဂျီဟန်က သူ့နောက်က ကိုယ်ရံတော်တွေကို ကြည့်ကာ

"ထွက်သွားကြ..."

"ဟုတ်ကဲ့...မမလေး"

ပတ်ဂျီဟန်က ထပ်မေးသည်။

"မင်းနဲ့ oppa က ဘာတွေ ပြန်ပြောပါအုံး"

"ငါ့ယောက်ျားလို့..."

ရုတ်တရက်ကြီး သူမ က ထအော်သည်။

"အား....."

ရောင်စဉ် ပင်လန့်သွားသည်။

"congratulations..... ပျော်လိုက်တာ"

ဆို ပြီး ရောင်စဉ် လက်ကို ဆွဲကိုင်သည်။

ရောင်စဉ် မှာ ခပ်လန့်လန့်ပင်
သူမရုတ်တရက် ဘာတွေဖြစ်သွားလဲမသိပေ။

ကြောင်တောင်တောင် ဖြစ်နေတယ့် ရောင်စဉ် ကိုကြည့်ကာ

လက်ကိုချိတ်ကာရှက်ကိုးရှက်ကန်းပြောသည်။

"အော်....ငါမရူးပါဘူး...ငါက ဟို..ဟိုလို..ဟို..... BL Fan လေ...ငါ့ဘဝမှာ အခုလိုအပြင်မှာ အတွဲတွေမမြင်ဖူး. အဲ့တာမို့..ငါအရမ်းသဘောကျတယ်"

ရောင်စဉ် သက်ပြင်းအရှည်ကြီးချမိသည်။

"ဟူး...."

ပတ်ဂျီဟန်က ဆက်ပြောသည်။

"တဂယ်တော့.ငါလဲ oppa မြင်မြင်ချင်းသဘောကျမိတာပေါ့...သူက အရမ်းချောတော့...အခုလို ဒါမျိုးပိုင်ရှင်သာရှိရင် စိတ်ချငါမလုဘူး...ငါကိုပြောတုန်းက
အဲ့လိုကြားခဲ့တာမဟုတ်ပါဘူး"

"ဘာလိုကြားမိတာလဲ..."

ရောင်စဉ် ကမေးတော့ ပတ်ဂျီဟန်က သူက အစ/ဆုံး ပြန်ပြောသည်။

ရောင်စဉ် က ရယ်လိုက်မိသည်။

"အဟက်...ဒါနဲ့ အကူညီ တစ်ခု လောက်...ကျေးဇူးပြုပြီး ဒီကိစ္စကို လျှို့ဝှက်ပေးပါ...သူက ကျွန်တော့်အပိုင်ဆိုတာကို.."

"ရပါတယ်.... ဒါနဲ့ ငါစုံစမ်း
ရသလောက်...မင်းမှာကလေးရှိနေတယ်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now