🍂Episode 22🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.7K 143 1
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"အကိုလေးရဲ့အနာဂါတ်အမျိုးသားကမေးလာရင်ရော"

"ဘယ်သူ"

"အော်...အကိုလေးက နိုင်ငံခြားသားကောင်လေးကို *သူ့ရဲ့အနာဂါတ်အမျိုးသား"လို့ခေါ်ဖို့ မ‌နေ့ကတည်းကကျနော်တို့ကိုလာပြောထားတာပါ"

"အယ်"

🍂 Memorial Dates 🍂

မနက်ခင်း၏နေရောင်ခြည်နုနုနွေးနွေးက ကိုရီးယားနိုင်ငံအနှံ့သို့ပျံ့နှံ့လျက်ရှိသည်။သာယာလှသော မနက်ခင်းတွင် လူသားများသည်လည်း အလုပ်ကိုယ်စီနှင့် ပတ်ဝန်းကျင်ဟာသာယာနေလျက်...

သို့သော် အစိမ်းရောင်များဖြင့်အလှဆင်ထားသော ခြံကျယ်ကြီးထဲသို့ ကားအဖြူတစီးဝင်လာပြီးနောက်တော့...

"ဘယ်လိုဖြစ်ရတာလဲ ငါမလာတဲ့၁ပါတ်အတွင်း မင်းတို့ဘာလုပ်လိုက်တာလဲ ဟမ်"

အရှေ့ရှိလူများကတော့ ခေါင်းငုံ့ကာအရိုအသေပေးလျက် တုံ့ပြန်စကားတို့ကတော့ ထွက်ကျမလာခဲ့...

"မေးနေတယ်လေ
သားကခရမ်းရောင်သိပ်မြတ်နိုးတာ
အခုဘယ်လိုလုပ်အစိမ်းရောင်တွေပြည့်နေရတာလဲ"

အခြေအနေကမထူးခြား...

"ပါးစပ်မပါဘူးလား"

သူမ၏အသံဟာအနည်းငယ်ကျယ်လောင်သွားခါမှ...

"ဒီလိုပါသခင်မ...
ညက အကိုလေးဂျွန်ဂျောင်ဂုက ညတွင်းခြင်း အလှပြုပြင်ရေးကုမ္ပဏီက သူတွေကိုလာခိုင်းပြီး ဒီလိုအရောင်ပြောင်းခြင်းကိုပြင်ဆင်ခိုင်းထားတာပါ။ကျနော်တို့လည်းအခုထိ ပန်းပင်တွေသေချာအလှဆင်နေရတာနဲ့ မနားရသေးပါဘူးဗျ"

"ဘယ်လို "

သူမသားက ဘာအတွက်ကြောင့်သည်လိုတွေလုပ်နေရသနည်း။ခရမ်းရောင် ခရေဇီ ဖြစ်သည့်သားကအခုတော့ ညတွင်းချင်းတောင် တခြားအရောင်တခုကိုလဲလှယ်ခဲ့သည်တဲ့လား...

သူမကားဂိုထောင်ဘက်လှမ်းကြည့်လေတော့...

အိုးမိုင်ဂေါ့...

"ဘယ်သူရောက်နေတာလဲ"

"ဗျာ"

"ဧည့်သည်ရောက်နေတာလား"

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now