🍂Episode 18🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

1.8K 157 10
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

"အချိန်မရှိဘူးနော်ဂျေး
ဆံနီလေးကအခုလာနေပြီ"

"လုပ်မယ်ဗျာ ဒယ်ဒီသာစီစဉ်တော့"

"အိုကေ"

"ဂျေးရဲ့ ပါပါး Bear ဖြစ်ရေး
တို့အရေး တို့အရေး"

"ဂျွန်ဂျောင်ဂု ယောကျာ်းဆံနီလေးဖြစ်ရေး
တို့အရေး တို့အရေး"


🍂 Memorial Dates 🍂

📳I need somebody who can love me at my worst....

📳Know I'm not perfect,but I hope you see my worth...

ဖုန်းသံကြောင့် V လည်းဒီတစ်လအတွက် ဒီဇိုင်းဆွဲနေခြင်းကိုရပ်ကာ ဖုန်းနံပါတ်ကိုကောက်ကြည့်လိုက်သည်။

ရင်းနှီးနေသည့် နံပါတ်လေးမို့ V နှုတ်ခမ်းပါးလေးအလိုလိုပြုံးသွားသည်။

"ဟယ်လို"

"ဆံနီလေး.."

တိုးလျှကာ လေးကန်သောအသံက V အားကြက်သီးတောင်ထစေသလို...

"ဂျေး...နေမကောင်းလို့...အဖျားတွေတက်နေတာ ဆံနီလေးကိုပဲခေါ်ခိုင်းနေတယ် အဲ့ဒါ..."

ထိုစကားကြောင့် V ၏စိတ်တွေကလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။"ဂျေးကနေမကောင်းဘူး"တဲ့လေ....

"ဟို..အားနာပေမယ့် ဆံနီလေးလာပေးလို့ရမလားဟင်"

"အင်း...လိပ်စာပို့ထား"

ဆံနီလေး၏အဖြေစကားကြောင့် ဂျွန်ဂျောင်ဂုတယောက် ခပ်ရေးရေးလေးပြုံးမိသွားသည်။

"ကျနော်အခုပဲပို့ထားလိုက်ပါမယ်
ဒါမှမဟုတ်ကျနော်လာခေါ်ရ.."

"နေ‌...နေ...
နူးနူးနာမှာသာနေပေး...ငါအခုပဲလာခဲ့လိုက်မယ်"

တူ!!

တဖက်ကဖုန်းချသွားသော်လည်း ဖုန်းလေးကြည့်ကာပြုံးနေသူက ကလေးအဖေဂျွန်ဂျောင်ဂုရယ်ပါ...

"ဒယ်ဒီ"

"အမလေး ဆံနီလေးနဲ့ငါနဲ့ညား"

"အာ...ဒယ်ဒီကလည်း
ယောင်တာတောင် ဂျေးရဲ့ Bear ကိုထိခိုက်နေတယ် အဆန်းရီးနော်"

"အေး...အာ့တာကနောက်အသာထား
အခုငါ့ဆံနီလေးလာလိမ့်မယ် အဲ့တော့ဂျေးကကူညီပေးဦး"

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Where stories live. Discover now