🍂Episode 2🍂ᵘⁿⁱ+ᶻᵃʷᵍⁱ

2.4K 158 9
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂🍂

သားရဲ့နာမည်ကို ဂျွန်ဂျေးနူ {Jeon Jay Noo} လို့အမည်ပေးခဲ့တယ်..

16နှစ်အရွယ် ကျနော်က အခုဆို ဖခင်တယောက်ဖြစ်နေပြီ။သားလေးကိုမွေးပေးခဲ့တဲ့ အချစ်ကိုလည်းကျေးဇူးတင်မိတယ်။ထာဝရ ဆက်ချစ်သွားမယ်လို့လည်း ကျိန်ဆိုမိတယ်။

🍂 Memorial Dates 🍂

လအကြာမှာပြန်ရောက်လာခဲ့တဲ့ ကျနော့အချစ်...

သားငယ်လေးပါ အတူပါလာခဲ့တယ်။တကယ်ပဲဖြူသေးသေးလေးရယ်။

အချစ်ကို ကျနော်သိပ်ချစ်ပေမယ့် အမေကသဘောမတူဘူးပြောခဲ့တယ်။15နှစ် အရွယ်အထက်တန်းတွေမို့ လက်မထပ်ခိုင်းတာမဟုတ်ဘဲ ကျနော် လက်ထပ်ရမယ့်သူကယောကျာ်းတယောက်ပဲဖြစ်ရမယ်တဲ့လေ...

အချစ်နဲ့ အကြိမ်ကြိမ်အတူနေခဲ့တယ်..
ကျနော်တို့နိုင်ငံမှာဒါမျိုးတွေကမဆန်းဘူးလေ။အချစ်ကထွက်မသွားခင်ပြောခဲ့တယ် "ပြန်လာရင် မောင်နဲ့အချစ်ရဲ့ကလေးကို‌ မွေးလာခဲ့မယ်" တဲ့။

၈ လပြည့်ပြီးနောက်မှာ အချစ်ပြန်လာခဲ့တယ်။တကယ်ပဲ အချစ်လက်ထဲက နီတာရဲကလေးငယ်လေးတယောက်နဲ့ပေါ့။

အမေ့ဆီခေါ်သွားပြီး အကြောင်းစုံပြောပြတော့ အမေက DNA စစ်ခဲ့တယ်။မယုံဘူးတဲ့လေ။ဒါပေမယ့် တကယ်ပဲ သားလေးကကျနော့်ကလေးဖြစ်ခဲ့တယ်။အမေကလည်း မတတ်နိုင်တဲ့အဆုံး ကျနော်နဲ့ အချစ်ကိုလက်ထပ်ပေးခဲ့တယ်။အဖေကတော့ လူအေးတယောက်မို့ ဘာမှဝင်မပါခဲ့ဘူး။အမေက ကျနော်နဲ့အချစ်ကိုသဘောမတူတာမို့ လက်ထပ်ပွဲကို အကျဉ်းရုံးပဲလုပ်ခဲ့တယ်။

သားရဲ့နာမည်ကို ဂျွန်ဂျေးနူ {Jeon Jay Noo} လို့အမည်ပေးခဲ့တယ်..

16နှစ်အရွယ် ကျနော်က အခုဆို ဖခင်တယောက်ဖြစ်နေပြီ။သားလေးကိုမွေးပေးခဲ့တဲ့ အချစ်ကိုလည်းကျေးဇူးတင်မိတယ်။ထာဝရ ဆက်ချစ်သွားမယ်လို့လည်း ကျိန်ဆိုမိတယ်။

အမေနဲ့ အချစ်ရဲ့ဆက်ဆံရေးက အခုသားလေး 4 နှစ်အရွယ်အထိအဆင်မပြေလှဘူး။အချစ်ကကြာလာတော့ သည်းမခံနိုင်ဖြစ်လာတယ်။အမေက အချစ်ကို မနှိပ်စက်ပေမယ့် ချွေးမအရာ မိသားဆုအရာမသွင်းဘူး။

Mᴇᴍᴏʀɪᴀʟ Dᴀᴛᴇs [KOOᗰOՏ]Donde viven las historias. Descúbrelo ahora