Part 21(Uni+Zawgyi)

Start from the beginning
                                    

​​​​မောင်​ပေးထားတဲ့ ခေတ်ရဲ့ ကား​​​သော့နဲ့ ​မောင့် black card အားလုံးကို ရတုဆီ​ပေးခဲ့သည်။ ​မောင်လာရင် ​ပေးလိုက်ဖို့ပါ။

​ခေတ် ​လေဆိပ် ​ရောက်​ပြီး  ​လေယာဥ် လက်မှတ်ကိုကြည့်လိုက်​တော့ ဘန်​ကောက် transit ။

"ဟူးးး ဘန်​ကောက် မှာ ၃နာရီ​လောက်နားရအုန်းမှာ​ပေါ့ "

ဒါလည်း​ကောင်းပါတယ်​လေ ။ ​မောင် ​ခေတ်ကို လိုက်ရှာရင်​တောင် ဘန်​ကောက် ​လေယာဥ်မှာပဲ ပါသွားတယ်လို့သိမှာ။ ဂျပန်သွားတယ်လို့ သိမှာမဟုတ်ဘူး။ ​​မောင်​ရေ ​ခေတ်​တော့ ​မောင်နဲ့အ​ဝေးဆုံးကို ထွက်သွားပြီ။ ​ခေတ်ကိုခွင့်မလွှတ်ပါနဲ့။မုန်းလိုက်ပါ ။ ​ခေတ်က ​မောင်နဲ့​ဝေးရာမှာ အဆင်​ပြေ​အောင် ​နေမှာမို့ ​မောင်လည်း အဆင်​ပြေ​​အောင်​နေပါ။

​~~~~~~~~~~~

​"ခေတ်​ရေ
​မောင့်​ခေတ်​လေး "

ည​နေ အလုပ်ဆင်းပြီးပြန်လာတဲ့ ​ရွှေဘုန်း ​ခေတ် အခန်းထဲ ကြည့်ပြီး လိုက်ရှာ​တော့ တစ်ထပ်လုံး ​ခေတ်ကို အရိပ်​တောင်မ​တွေ့ ။ ​နောက်ဆုံး​တော့ ရတုကို လိုက်ရှာ ကာ ​ခေတ် ဘယ်သွားလည်း ​​မေးရသည်။

"ညီမ​လေး ရတု ​ခေတ် ကိုမ​တွေ့လို့ "

"ဪဟုတ် အကို ​ရွှေဘုန်း
ဆရာက ဒါ​လေး ​​ပေးခိုင်း ထားလို့ပါ "

ကား​သော့နဲ့ black card ကိုကြည့်ပြီး
​ရွှေဘုန်းအံသြ ကြီးစွာ။

​"ခေတ်က ....."

"ဟုတ်ဆရာက  ခရီး ထွက်မယ်လို့​ပြောသွားပါတယ် "

"..........."

"ဟင် ဘယ်သွားတာလည်းမသိဘူး"

"ဘာမှ​ပြောမသွားပါဘူးရှင့်
ခရီးထွက်မယ်လို့ပဲ​ပြောသွားပါတယ် အကိုလာရင် ဒါ​လေး ​​ပေးခိုင်းလိုက်တာပါ "

ပြောပြီး ရတုက လုပ်စရာရှိတာများဆက်လုပ်​​နေသည် ။ ​ရွှေဘုန်း ကား​သော့​လေးကိုင်ကာ ​ကြောင်ပြီး ဘာက စလုပ်ရမှန်းမသိ။ မနက်က အ​ကောင်းကြီး​လေ ။ တစ်ခုခု​တော့ ​ပြောခဲ့သင့်တာ​ပေါ့ ။

​ခေတ် ဖုန်းကို ဆက်လိုက်​​တော့  'စက်ပိတ်ထားပါသည်ရှင်​' တွေနဲ့ပဲတိုး​​နေတော့ သည်။ ​ရွှေဘုန်း ​ခြေ​တောက်​တွေမခိုင်ချင်​တော့ဘူး ။ ​ခေတ်အခန်းထဲက ကြမ်းပြင်​ပေါ်မှာထိုင်ရင်း မျက်ရည်​တွေ တစိမ့်စိမ့် စီးကြလာသည်။

Forever Together  (Completed)Where stories live. Discover now