ပုဂံမြေနှင့် ခိုင် Ep - 29 (Final)

Start from the beginning
                                    

ထမင်းစားသောက်ရင်း စကားလက်စုံကျသည်မို့ ထိုအုပ်စုနှင့် အတော်ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သည်။ သူငယ်ချင်းများကြားတွင်အတော်အရေးပါသည့် ခန့်ကိုကိုဟုလည်း ထပ်မံ၍သိလာရသည်။ စိတ်ထားဖြူစင်သူမို့အပေါင်းအသင်းကောင်းမည့်ကလေးမ။ ထမင်းစားသောက်ပြီးတော့ အခန်းထဲသို့ အိနြာပြန်လာခဲ့သည်။ ခန့်လေးကတော့ သူငယ်ချင်းများနှင့်စကားကောင်းနေလို့ကျန်ခဲ့သည်။ သိပ်မကြာခန့်လေးအခန်းထဲကိုပြန်ရောက်လာပြီး

"မမအိနြာ မြင်းလှည်းပက်စီးမလို့ လိုက်မလား"

"မလိုက်တော့ဘူး ခန့်လေး။ မ အရမ်းပင်ပန်းနေလို့"

"ရှင် နေမကောင်းဘူးလား" အသံထပ်လျှင်သည့်လက်များကိုပိုင်ဆိုင်ထားသည့်အလား စကားပင်မဆုံး လက်က အိနြာနဖူးပေါ်စမ်းပြီးသားဖြစ်သွားသည်။

"ကောင်းပါတယ် နည်းနည်းခရီးပန်းနေတာ"

"အဲ့တာဆိုခန့်လည်းလိုက်မသွားတော့ဘူး တစ်ယောက်ထဲမထားခဲ့ချင်လို့"

"ဟာမဟုတ်တာ သွားပါခန့်လေးရဲ့"

"ဟင့်အင်းမသွားတော့ဘူး။ ခဏနော် မလိုက်ဘူးဆိုတာ သွားပြောမလို့"

ခန့်ကိုကို အခန်းတံခါးကိုလုံအောင်မစိခဲ့သည်ကြောင့် အပြင်ကဘာပြောသည်ကအစအကုန်ပြန်ကြားရ၏။ သူ့သူငယ်ချင်းတစ်ချို့ရဲ့ ခန့်ကိုကိုတို့သူ့ချစ်ချစ်နေမကောင်းတော့ အရမ်းစီးချင်တဲ့မြင်းလှည်းတောင်လိုက်စီးတော့ဘူးဟေ့ ဆိုသည့်အသံကြားတော့ အိနြာပြုံးမိ၏။

"မမအိနြာ တစ်ရေးအိပ်လိုက်။ ခန့်လေးရှိတယ်နော်"

"အဲ့တာဆိုတစ်ရေးအိပ်မယ်နော်။ ကျေးဇူးပါခန့်လေးရယ်"

"ကျေးဇူးဆိုတာမလိုပါဘူး အိပ်အိပ်"

အိနြာအိပ်နေတုန်းလည်း အိနြာကိုအသားမယူသည့်ကလေး သူ့မှာ စောင့်ထိန်းရမည့်ကိုယ်ကျင့်တရားအကုန်ရှိသည်။ ရုပ်လေးလည်းချော အကျင့်လေးလည်းကောင်း စိတ်ထားလည်းဖြူစင်သည့်ထိုကလေးမလေးကိုလက်လွှတ်ရလျှင် သည်ကမ္ဘာမှာ အိနြာလောက်မိုက်တဲ့သူမရှိနိုင်တော့ပါ။

ပုဂံမြေနှင့် ခိုင်Where stories live. Discover now