သားနှစ်ယောက်ကို သေနတ်ပေးကိုင်တာ ဟာ ဘယ်လောက်အန္တရာယ်များလိုက်သလဲ သားတွေက အခုမှ ငယ်ငယ်လေးဘဲ ရှိသေးတာကို ‌မတော်တဆ ‌လက်ချော်ခဲ့လျှင်ဆိုတဲ့အတွေးကြီးက သူ့ကို အသက်ရှုကြပ်စေပြီး သူ့နှလုံးအိမ်ကိုဆွဲစုတ်လိုက်သလိုပင် တကယ်ဖြစ်သွားခဲ့ရင် သူသေတောင်သွားနိုင်၏

စိတ်အချဉ်ပေါက်နေတာကြောင့် ရေခဲသေတ္တာထဲက ဝိုင်တစ်ဘူးကိုဖောက်လိုက်ပြီး  တစ်ကျိုက်တည်း မော့ချပြစ်လိုက်သည်။

ဩနဝေ နရံကို မျက်နှာမူထားပေမဲ့ နောက်ကျောဘက်မှာ ပါးပါးရဲ့လှုပ်ရှားသမျှကို အကုန်ခံစားမိသည်။ ပါးပါးရေခဲသေတ္တာနားသွားပြီး ဝိုင်ဗူးဖောက်ပြီး သောက်လိုက်သည်ကအစ ။
အိမ်နေရင်း ဘောင်ဘီအတိုလေး ဝတ်ထားသောပါးပါးက သူတို့နှစ်ယောက်ရဲ့ မျက်စိထဲ‌တွင် တစ်နေ့ထက် တစ်နေ့ပိုပြီးသေးငယ်လာသယောင်။

Dad က ပါးပါးက သဝန်တိုတာလည်းမပြောနဲ့လေ ပါးပါးက ချစ်ဖိုကောင်းတာကို ။

"Mr.Tom အဝယ်တော် ဧည့်သည်ရောက်နေတယ်''

"ဟုတ် ဧည့်ခန်းထဲ လွှတ်လိုက်ပါ"

"Hello တွေ့ရတာ ဝမ်းသာပါတယ် အကို က Mr.Tom  ဟုတ်ပါတယ်နော်"

"အကို"ဟူသည့် ထိုစကားလုံးကြောင့် ညီကိုနှစ်ယောက်ရဲ့မျက်ခုံးတွေဟာ တစ်ဖက်နှင့်တစ်ဖက် ထိစပ်လုနီးပါး တွန့်ကျုတ်သွားသည်။

"ဟုတ်ပါတယိဗျ
အလုပ်ကြောင်း လေး စပြောရအောင်"

ပါးပါးက အလုပ်ကိစ္စကို phone screenပေါ်မှာ အာရုံစိုက်ပြီး ရှင်းပြနေပေမဲ့ အဝယ်တော်ဆိုသည့်ကောင်ရဲ့မျက်လုံးဟာ phone screen ပေါ်မှာ ရှိနေမည့်အစား ပါးပါးရဲ့ လှစ်ဟာပြနေသော ပေါင်တံဖြူဖြူလေးတွေပေါ်သာ ရှိနေသည် ဆိုတာကို နရံမှာ ချိတ်ထားသော မှန်ထဲမှ တဆင့်မြင်နေရသော ညီကို‌နှစ်ယောက်ကတော့ လူသတ်ချင်သည့် စိတ်ရိုင်းများ ကိုအတော်ကိုဖိနှိပ့်နေရတာဟာ အဆင်မပြေလှ။

ညီကိုနှစ်ယောက်က အဓိပ္ပာယ်ပါပါ တစ်ချက်ပြုံးလိုက်သည်။

"အော် ဟိုနားက ချာတိတ်လေးတွေက ... "

"ကျွန်တော်ရဲ့ သားတွေပါ"

"ဟင် ဒါဆို Mr. ဩရဿနဲ့  အကို ရဲ့သားတွေပေါ့"

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now