extra

1.7K 71 2
                                    

" ဩရဝေ ဩနဝေ တိရိစ္ဆာန်လေး‌တွေကို အနိုင်မကျင့်ရဘူးဆိုပြီး  မင်းတို့ကိုပါးပါးပြောထားတယ်မလား "

"ဟုတ်ပါးပါး"

သူ့ရှေ့က မျက်နှာ ဇီးရွက်လောက်ဘဲကျန်တော့တဲ့သားနှစ်ယောက်ကို ကြည့်ရင်း tom စိတ်မကောင်းသလို စိတ်လည်တို၏

အခုမှ အသက်13နှစ်သားအရွယ်ဘဲရှိသေးသည့် သူ့သားနှစ်ယောက်က ကြီးလေ သူ့ပြောစကားနားမထောင်တော့သလိုခံစားရသည်။
အခုလည်း ခြံထဲမှာ မွေးထားတဲ့ ယုန်လေးတွေကို
သေနတ်နဲ့လိုက်ပြစ်ပြီး လက်တည့်မတည့်စမ်းသည်တဲ့ ။

"ပါးပါးက ယုန်တွေသေသွားလို့ စိတ်တိုနေတာလား"

သူကိုပြန်ပြီးမေးခွန်းထုတ်လာတဲ့ ဩနဝေ ကြောင့် သူသွေးတောင်တိုးချင်သည်။

"တော်တော် ဆက်မပြောတော့နဲ့ ကိုယ်အမှားကိုယ် မသိကြသေးဘူးလား ကိုယ်ဘာမှားလဲ ဆိုတာမသိသေးချင်အထိ သွားး နရံကိုမျက်နှာမူပြီး ဒူးထောက်နေချေ"

"ပါးပါး သားတို့က "

"တော် တန် တိတ် မင်းတို့က အရွယ်လေးရလာတော့ ငါ့ကိုပြန်ပြောချင်နေတဲ့ သဘောပေါ့ ဟုတ်သလား "

"အဲ့လို့မဟုတ်..... "

"ဩရဝေ !! "

"ဟုတ်ပါးပါး "

ပါးပါး ပြောတဲ့အတိုင်း ဘာမှဆက်မပြောတော့ဘဲ နရံကိုမျက်နှာ မူပြီးဒူးထောက်နေတဲ့ သားနှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းချမိသည်က အကြိမ်ကြိမ် ဒီကလေးနှစ်ယောက်အခု ရက်စက်နေတတ်ခြင်းက သူ့ဖခင် ဦးဩရဿ ဆီက အမွေရလာတယ် ထင်ပါရဲ့။  ဆံပင် ညိုညိုအိအိလေးတွေသာ သူနှင့် တစ်ဦးတည်းသော တူညီမှု ကျန်တာတွေအကုန် သူ့အဖေနှင့်တူညီနေတာချည့် ပင်။

*နေပေ့စေဦး လူကြီး ခင်ဗျားလာမှ ကျနော်နှင့်တွေ့မယ်*

အိမ်ကိုပြန်မရောက်သေးသော လူကြီးအား စိတ်ထဲကနေ တေးထားလိုက်၏

ကုမ္မဏီအစည်းဝေးခန်းထဲက ဩရဿတစ်ယောက်ကတော့ ...

ဟက်ချိုးး"
ဟက်ချိုးးးး"

နှာ ခဏခဏချေ နေလေရဲ့

"အအေးလည်းမမိဘဲ ဘာကြောင်ဒီလောက်နှာချေနေရသလဲ"

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now